Part (3)

7.7K 916 41
                                    

Unicode

"ညီလေးဝမ် ရှောင်းကျန့် အစား အစ်ကို အားနာပါတယ်။ သူက နဲနဲလေးစိတ်ဆတ်တတ်လို့"

'နဲနဲလေး စိတ်ဆတ်တယ်တဲ့လား။ အဲ့ဒါစိတ်ဆတ်တဲ့ အဆင့်မဟုတ်တော့ဘူး အကြမ်းဖက်တဲ့ အဆင့်ဖြစ်နေပြီဗျ။' စိတ်ထဲမှာတော့ ပြန်ပြောနေမိပေမဲ့ တကယ့်တကယ် နှုတ်က ထွက်လာသည်က

"ရပါတယ်"

"လောလောဆယ်တော့ ဒီတစ်ခန်းပဲ လွတ်တော့တယ် ညီလေး....မင်းအတွက်ဖယ်ပေးထားတဲ့ အခန်းသော့ကို ရှောင်းကျန့် ကျပျောက်သွားလို့တဲ့....အဲ့ဒါကြောင့်"

'ကျပျောက်တာလား တမင်ပဲဖျောက်ပစ်လိုက်တာလား'

ရိပေါ် အတွန့်တက်ဖို့မစဥ်းစားဘဲ ထိုစီနီယာအစ်ကို ပေးတဲ့ အခန်းသော့ကို တရိုတသေ ယူလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကို....."

"အစ်ကိုက ချောင်ယွီချန်ပါ ညီလေးဝမ်...တစ်ခုခုအကူအညီလိုရင် အစ်ကို့ကို အကြောင်းကြားလိုက်"

"ဟုတ်ကဲ့ပါ အစ်ကိုယွီချန်"

စီနီယာအစ်ကို ထွက်သွားသည်နှင့် ရိပေါ် သူ့အခန်းတံခါးကို ဖွင့်ကာဝင်လိုက်သည်။

"အဟွတ်....."

တံခါးဖွင့်လိုက်သည်နှင့် ဖုန်တွေက အလုံးလိုက်ဝင်လာတော့ ရိပေါ် ချောင်းတဟွတ်ဟွတ်နှင့်။ စိတ်ထဲကနေလည်း ရှောင်းကျန့်ဆိုသည့်လူကို ကျိန်ဆဲနေရသည်။

"ရုပ်လေးလှသလောက် သောက်ကျင့်မကောင်းတဲ့လူ"

"ရိပေါ်"

"အာ....ယွီပင်း"

"အဟွတ်....မင်းအခန်းက ဘယ်လိုဖြစ်တာလဲ"

"ဟို ယုန်မိစ္ဆာလက်ချက်ပေါ့"

"စီနီယာရှောင်းကို အပြစ်မတင်ပါနဲ့ကွာ မင်းက သူ့ကို သွားစတာကိုး....ကဲပါ....ငါမင်းကို ကူပြီး အခန်းရှင်းပေးပါမယ်"

"ကျေးဇူးပဲ"

နှစ်ယောက်သား လူမနေသည်မှာ နှစ်ချီနေသည့် အခန်းကို တစ်နေကုန်ထိုင်ရှင်းနေလိုက်ရသည်။

"မောလိုက်တာ ရေချိုးပြီးရင် ထမင်းစားဆောင်သွားကြမယ်"

"အေး ငါဆင်းလာခဲ့မယ်"

Saviors of the OmegaverseWhere stories live. Discover now