Part (11)

6.4K 760 7
                                    

Unicode

ရှောင်းကျန့် ကျောက်ဆောင်တွေကြားထဲ Varanus တွေကို ပုန်းကွယ်ရင်း ရိပေါ်ကို လိုက်ရှာနေသည်။ တစ်နေရာရောက်တော့ ညည်းသံသဲ့သဲ့ကြားတာကြောင့် ရှောင်းကျန့် ပြေးကြည့်တော့ ကျောက်ဆောင်ကို မှီထားရင်း ​ထိုင်နေသည့် ရိပေါ်ရယ်လေ။

"ရိပေါ်.....ဒီနားက မလုံခြုံဘူး"

ရှောင်းကျန့် ရိပေါ်ကို လုံခြုံလောက်မည့်  ကျောက်ဆောင်ကြားတစ်နေရာကို ဆွဲခေါ်သွားသည်။

"ဝမ်ရိပေါ် သတိထားစမ်း......"

သတိလစ်တော့မလိုဖြစ်နေသည့် ရိပေါ်ကို ရှောင်းကျန့် အသာလေးပါးကို ပုတ်ကာ သတိပေးလိုက်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တော့ ပုခုံးတွင် ဒဏ်ရာတစ်ခု၊ ခြေသလုံးတွင် ဒဏ်ရာတစ်ခုကို တွေ့သည်။ ကျောက်ဆောင်နှင့် ခြစ်မိထားပုံရသည့် ခြေထောက်မှ ဒဏ်ရာက ဟပ်တက်ပြဲနေပြီး သွေးတွေက ဒလဟောစီးကျနေတာကြောင့် ရှောင်းကျန့် အင်္ကျီစကို ဆွဲဖြဲပြီး ရိပေါ်​ခြေထောက်ကို စည်းပေးထားလိုက်သည်။

"ကျွန်တော်......တောင်းပန်ပါတယ် စီနီယာ"

"စကားမပြောနဲ့"

ရှောင်းကျန့် ရိပေါ် ပခုံးက ဒဏ်ရာကို ကြည့်လိုက်တော့ တစ်ခုခုနှင့် အထိုးခံထားရသလို အပေါက်ဖြစ်နေပြီး ထိုနားတစ်ဝိုက်က သွေးတွေက အမဲရောင်ပြောင်းနေသည်။

"မင်း အဆိပ်မိနေတာပဲ"

ရှောင်းကျန့် သိသလောက်ကတော့ ဒီ Varanus တွေရဲ့ အဆိပ်က Alpha တစ်ယောက်ကို အန္တရာယ်မပေးနိုင်ဘူး။ ဒါပေမဲ့ ဒီအကောင်တွေက တမင်ဖန်တီးထားသည့် အကောင်တွေမို့ အဆိပ်ရှိချင်လဲ ရှိနေနိုင်မှာ။

ရှောင်းကျန့် နှစ်ခါစဥ်းစားမနေတော့ဘဲ ရိပေါ်ပုခုံးတွင် မျက်နှာအပ်လိုက်ကာ အဆိပ်တွေကို စုပ်ယူလိုက်သည်။

"အ.....စီနီယာ မလုပ်....."

ရိပေါ်က ရုန်းမည်ပြင်တော့ ရှောင်းကျန့်က ရိပေါ်ကို ဖိထားလိုက်ကာ အဆိပ်တွေကို ဖြည်းဖြည်းချင်း ဆုပ်ယူပြီး ထွေးချလိုက်သည်။ အဆိပ်တွေကုန်သွားလောက်သည့် အခါမှ ရှောင်းကျန့်ရပ်လိုက်ပြီး ပခုံးပေါ်ကိုလဲ စည်းနှောင်ပေးလိုက်သည်။ ရှောင်းကျန့် နှုတ်ခမ်းတစ်ခုလုံးမှာ သွေးအမဲတွေပေပြီး အမဲရောင်သမ်းနေလျက်။ ရိပေါ် ရှောင်းကျန့်ကို ကြည့်ရင်း မျက်ရည်တွေကျလာသည်။

Saviors of the Omegaverseحيث تعيش القصص. اكتشف الآن