Part (18)

6.4K 738 28
                                    

Unicode

"ရော့...."

ရှောင်းကျန့်က လှလှပပထုပ်ပိုးထားသည့် လက်စွပ်ဗူးလေးကို ရိပေါ်လက်ထဲ ထည့်ပေးလိုက်သည်။ လိုချင်တာရသွားသည့် ရိပေါ်က ကျေနပ်သွားဟန် ပါးစပ်ကို နားရွက်တက်ချိတ်မတက်ပြုံးနေတော့သည်။

"ကျန့်ကော ကျွန်တော့်ချစ်သူဖြစ်ပေးပါ"

ရုတ်တရက် ဒူးထောက်ချလိုက်ရင်း လက်စွပ်ဗူးကို ဖွင့်ကာ ပြောလိုက်တာကြောင့် အနားမှာရှိသည့် လူတွေက အထူးအဆန်းလို ဝိုင်းကြည့်လာကြသည်။ ရှောင်းကျန့် မှာတော့ ရှက်လွန်းလို့ မျက်နှာ ဘယ်ထားရမှန်းမသိ။

"ဝမ်ရိပေါ် ထစမ်း....မင်းမရှက်ပေမဲ့ ငါရှက်တယ်"

"အဲ့တာဆို မြန်မြန်အင်းလို့ပြောလေ"

"အင်းအင်း"

ရှောင်းကျန့်က မြန်မြန်ပြီး ပြီးရော ခေါင်းညိတ်ပြလိုက်ပေမဲ့ အနားကလူတွေက လက်ခုပ်ထတီးကြတာကြောင့် ရှက်ပြီး မျက်နှာကြီးနီရဲနေတော့သည်။ ဒူးထောက်နေသည့် ရိပေါ်က သူ့လက်ကို ဆွဲယူပြီး လက်စွပ်လေးကို စွပ်ပေးလိုက်သည်။

"ဘယ်တော့မှ မချွတ်ရဘူးနော် ကျန့်ကော"

"အင်း"

ရှက်ဝဲဝဲလေးခေါင်းညိမ့်ပြလာသည့် ရှောင်းကျန့်ကို ရိပေါ် ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ စည်းချက်ညီစွာ ခုန်နေသည့် ရင်ခုန်သံက နှစ်ဦးလုံးထံ၌ ထပ်တူကျစွာ။
_____________________
"အွန်း.....ဟွန်း......."

"ဗုန်း!!"

နှစ်ယောက်သား ရှောင်းကျန့် အခန်းထဲမှာ အရူးအမူး နမ်းရှိုက်နေကြတုန်း တံခါးဝမှာ ဗုန်းကနဲ အသံကြားသည်နှင့် လှည့်ကြည့်လိုက်ကြသည်။

"စန့်ကျင်"

"မင်း.....မင်းတို့ ဘာ....ဘာလုပ်"

မျက်လုံးအပြူးသားနှင့် လက်ညှိုးကြီးထိုးကာ အံ့သြနေသည့် စန့်ကျင်ကြောင့် ရှောင်းကျန့် ရိပေါ်ကို ခွထိုင်ထားရာမှ ထလာလိုက်သည်။

"မင်း...ရောက်လာပြီလား..."

"ရိပေါ်....မင်းနဲ့ ရှောင်းကျန့်က"

Saviors of the OmegaverseWhere stories live. Discover now