Unicode
"သူကတကယ်ပဲ Dark Lord လား"
"ဟုတ်တယ် သူပဲ သေချာတယ်....ကိုကို....ကျွန်တော်နဲ့ တပ်ထဲမှာ လိုက်နေပါလားဟင်....ဒီမှာထက်စာရင် အဲ့ဒီမှာက ပိုလုံခြုံတယ်"
"မင်းရဲ့တပ်က အပြင်လူနေလို့ရလို့လား"
"ကျွန်တော် ဒယ်ဒီ့ကို ပြောလိုက်မယ်"
"ရိပေါ် တတိယရတနာရှာဖို့ကရော...."
"အွန်း....ကျွန်တော်စတော့"
"ကိုကိုလိုက်မှာနော်"
"ဟုတ်ပါပြီဗျာ.....အရင်ဆုံး ကိုကိုအဝတ်တွေထုတ်ထားလိုက် တပ်ထဲကို ကျွန်တော်လှမ်းအကြောင်းကြားလိုက်မယ်"
"အင်း"
______________________
SSPA တပ်ရင်း"အခန်းကို သေချာပြင်ပြီးပြီလား"
"ပြီးပါပြီ ယွီပင်းကော......ဒါနဲ့လေ Sir ကဘာလို့ သူ့အမျိုးသားကို တပ်ထဲခေါ်လာတာလဲ......ဒီလိုနေရာမျိုးမှာ နူးနူးညံ့ညံ့ omega လေးတစ်ယောက်က နေနိုင်ပါ့မလား။"
"Sir အမျိုးသားက အားနည်းနဲ့သူမဟုတ်ပါဘူး.....ကဲ....စပ်စုမနေနဲ့ လုပ်စရာရှိတာသွားလုပ်တော့.....ဪ ပြီးတော့ ပြောရဦးမယ်...မင်းတို့အားလုံး Sir အမျိုးသားနဲ့ ခပ်ဝေးဝေးနေရမယ်နော်.....မလိုအပ်ဘဲ ဒီနားကို မလာခဲ့နဲ့"
"ဟုတ်ကဲ့ နားလည်ပါပြီ ယွီပင်းကော"
"သွားကြ သွားကြ"
ယွီပင်း တပ်သားလေးများကို ပြန်ခိုင်းလိုက်ပြီးနောက် အခန်းကိုသေချာလိုက်ကြည့်နေသည်။
"ယွီပင်း"
ထိုစဥ် ရိပေါ်နှင့် ရှောင်းကျန့် ရောက်လာသည်မို့ ယွီပင်းပြေးကြိုလိုက်ကာ
"Sir ရောက်လာပါပြီလား...."
"အင်း....."
"စီနီယာ ကျွန်တော့်ကို အထုပ်တွေပေးပါ"
"ရတယ်...ယွီပင်း"
"ဟုတ်ကဲ့ Sir ဒီမှာ အခန်းသော့ပါ။ ကျွန်တော်သွားလိုက်ပါဦးမယ်"
"အေး ယွီပင်း ကျေးဇူးပဲ"
ယွီပင်း ပြန်ထွက်သွားသည်နှင့် ရှောင်းကျန့်က အထုပ်တွေကို နေရာချတော့သည်။ရိပေါ်က တကုပ်ကုပ်နှင့် အလုပ်များနေသည့် ရှောင်းကျန့်အနားတွင် ဒူးထောက်ထိုင်ချလိုက်ကာ
KAMU SEDANG MEMBACA
Saviors of the Omegaverse