Unicode
"My Lord ကျွန်တော်တို့ဘက်က တပ်ခွဲလေးခု ကျသွားပါပြီ"
"ကျစ်.....အရန်တပ်ခွဲတွေ ထပ်လွှတ်လိုက်"
"My Lord Earth 5 ရဲ့ အကာအကွယ်စည်းက မတောင့်ခံနိုင်တော့ပါဘူး"
ရိပေါ် ချက်ချင်းထိုနေရာသို့ပြေးသွားလိုက်သည်။
"စန့်ကျင်ကော.....ဘယ်လောက်ထိတောင့်ခံနိုင်ဦးမလဲ"
Protector တပ်ဖွဲ့ခေါင်းဆောင် ကျူးစန့်ကျင်က ဖြူဖျော့နေသည့် မျက်နှာနှင့် စွမ်းအားအကုန်သုံးကာ အတားအဆီးမကျိုးပေါက်အောင်တောင့်ခံနေရသည်။
"နောက်ထပ်နာရီဝက်လောက်တော့ တောင့်ခံနိုင်မယ်ထင်တယ်။"
"......ကျန်းချန်ကော ကျန့်ကောကို ဘေးကင်းတဲ့ နေရာကိုခေါ်သွားပေးပါ။ Earth 5 က နာရီဝက်အတွင်းအကာအကွယ်စည်း ကျိုးပေါက်တော့မယ်။"
"ကောင်းပါပြီ My Lord"
ကျန်းချန်ထွက်သွားသောအခါမှ အကာအကွယ်အပြင်ဘက်မှာ တိုက်ခိုက်နေသည့် ဝမ်လင်းဟန်နှင့် Wallace တို့ ရိပေါ်အနားရောက်လာကြသည်။
"သား.....အပြင်မှာ အင်အားချင်းမမျှတော့ဘူး။ မင်းလဲ သွားတော့ ဒီနေရာကို Daddy တို့ဆက်ထိန်းထားလိုက်မယ်"
"ကျွန်တော်မသွားနိုင်ဘူး ဒယ်ဒီ....."
တဖြည်းဖြည်းအက်ကွဲလာသည့် အကာအကွယ်စည်းနှင့် မတောင့်ခံနိုင်တော့ဘဲ ကျဆုံးသွားသည့် protector များကို ကြည့်နေရင်း ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ကျယ်လောင်သည့်အော်မြည်သံပေးကာ ကောင်းကင်ပြင်မှ ဆင်းသက်လာသည့် Fire Phoenix မှာ ရိပေါ်အနားတွင် ဝပ်ဆင်းလိုက်သည်။ ရိပေါ်က ထို phoenix ငှက်ပေါ်သို့တက်လိုက်ကာ
KAMU SEDANG MEMBACA
Saviors of the Omegaverse