Part (36)

5.2K 591 18
                                    

Unicode

"လက်နက်ချပြီး အညံ့ခံလိုက်ပါ ခင်ဗျားမှာ လွတ်ဖို့လမ်းမရှိတော့ဘူး"

ချောင်ကျသည့် လမ်းကျဥ်းကျဥ်းထဲ၌ စွမ်းအားချိတ်ပိတ်ခံထားရသည့် အကျဥ်းသားတစ်ဦးက သေနတ်တစ်လက်နှင့် အထူးတပ်ဖွဲ့ကို ပြန်လည်ခုခံရန်ပြင်နေသည်။

"ပစ်လိုက်"

အထူးတပ်ဖွဲ့၏ Captain က အမိန့်ပေးလိုက်သည်နှင့် ထိုအကျဥ်းသားထံ ရှောင်းကျန့် မေ့ဆေးသေနတ်နှင့် ချိန်ရွယ်ကာ ပစ်ခတ်လိုက်သည်။ ထိုလူလဲကျသွားသည်နှင့် အထူးတပ်ဖွဲ့က ဖမ်းချုပ်ပြီး သံချပ်ကာအကျဥ်းကားထဲ ထည့်ခေါ်သွားလေသည်။

"ဒီလူနဲ့ဆို ဘယ်နှယောက်ရှိပြီလဲ"

"လွတ်သွားတဲ့ အကျဥ်းသား အယောက်ရှစ်ဆယ်မှာ နှစ်ဆယ့်ငါးယောက်ပဲ ပြန်မိပါသေးတယ်။ မိတဲ့သူတွေကလည်း နာမည်ကြီး ရာဇဝတ်ကောင်တွေမဟုတ်ဘဲ အမှုတွဲသေးတွေချည်းပါပဲ"

Captain ရဲ့ အမေးစကားကို တပ်သားတစ်ဦးက ပြန်​ဖြေပြီးနောက် Captain က ခပ်လေးလေးသက်ပြင်းချလိုက်သည်။

"တပ်ဖွဲ့ တစ်နဲ့နှစ် ငါနဲ့လိုက်ခဲ့ ကျန်တဲ့တပ်ဖွဲ့တွေ တစ်နေရာစီခွဲသွားမယ်"

Captain ၏ အဖွဲ့ထဲတွင် ရှောင်းကျန့်နှင့် ရိပေါ်ပါ ပါလာသည်။ ရှောင်းကျန့် Captain ၏ အနောက်ကို လိုက်သွားပြီးမှ ရိပေါ်ပါမလာတာကို သတိထားမိပြီး Captain ကိုအသိပေးမလို့လုပ်ပေမဲ့ Captain က တပ်ဖွဲ့တွေကိုသာ ညွှန်ကြားနေတာမို့ ရှောင်းကျန့် နောက်မှချန်နေခဲ့လိုက်သည်။

"ရိပေါ်......ဝမ်ရိပေါ်......"

"ကော....ကျွန်တော် ဒီမှာ"

ရှောင်းကျန့် အသံလာရာကို ကြည့်လိုက်တော့ ဆယ်ပေခန့်အနက်ရှိသော ရေမြောင်းအတွင်းသို့ ကျနေသည့် လူတစ်ယောက်ကို ဆွဲတင်ဖို့ကြိုးစားနေသည့် ရိပေါ်ကို တွေ့လိုက်သည်။

"မင်းမပြောမဆိုနဲ့ နေခဲ့ရလား"

"နောက်မှ ဆူပါကိုကိုရ....ခုဒီလူကို အရင်ကယ်ရအောင်"

"ဒီလူက အကျဥ်းသားဖြစ်နေဦးမယ်"

"အကျဥ်းသားလဲ ကယ်ရမှာပဲမလား ကိုကို..."

Saviors of the OmegaverseWhere stories live. Discover now