Unicode
"ကိုကိုပြန်လာပြီလား"
သူအိမ်ပြန်ရောက်တော့ ရိပေါ်က တံခါးနားလျှောက်လာရင်းမေးသည်။ သူခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး အခန်းထဲဝင်ဖို့လုပ်တုန်း
"ကိုကို....Daniel ကော ဘယ်လိုနေလဲ"
"မင်းကိုယ်တိုင် သွားကြည့်လေ"
"ကျွန်တော့်ကို ရွဲ့နေတာလားကိုကို"
"မင်းထင်ချင်သလိုထင်"
"ကျစ်......ကိုကိုက ဘယ်တော့မှ ကျွန်တော့်စိတ်ကို နားမလည်ဘူး"
"မင်းစကားအပိုတွေမပြောနဲ့....မင်းသာ ငါ့စိတ်ကို နားမလည်တာ။ မင်းသာ အသည်းမာပြီး စာနာစိတ်မရှိတာ"
"ဟုတ်တယ် ကျွန်တော်က အသည်းမာတယ်။ စာနာစိတ်မရှိဘူး....ဒါပေမဲ့ အဲ့တာ ကိုကို့ကို ချစ်လွန်းလို့ အဆုံးရှုံးမခံနိုင်လို့။ ခဏခဏ Daniel ဘက်ရောက်သွားတဲ့ ကိုကို့ကြောင့် ကျွန်တော်ရူးတော့မယ်။ ကျွန်တော် ဘယ်လိုလုပ်မှ ကိုကိုအဲ့ဒီလူကို ယုံကြည်နေတဲ့စိတ်ပျောက်မှာလဲ....ထားလိုက်ပါတော့ ကိုကို့သဘောပါပဲ။ ကိုကိုယုံချင်သပဆိုရင်လဲ မျက်စိမှိတ်ပြီးသာ ယုံလိုက်တော့ ကျွန်တော်ကတော့ သူ့သရုပ်မှန်ကို ရအောင်ဖော်ထုတ်မှာ...."
ရိပေါ်က စာကြည့်ခန်းထဲဝင်သွားပြီး တံခါးကို လော့ချပစ်လိုက်သည်။ သူ့ကို ဝင်မလာစေချင်သည့်သဘောလား....တကယ်ဆို သူက စိတ်ဆိုးရမှာမဟုတ်ဘူးလား။
"ဝမ်ရိပေါ်......ဟျောင့်မင်းဒါဘာအချိုးချိုးတာလဲ ငါမင်းထက်အကြီးနော်....ခုချက်ချင်း တံခါးပြန်ဖွင့်လိုက်စမ်း"
သူ့အသံကြောင့် တံခါးပွင့်လာပြီး တံခါးကြားမှဆူပုတ်ပုတ်မျက်နှာလေးပေါ်လာသည်။ ရှောင်းကျန့် စိတ်တိုတိုနှင့် နားရွက်ကို လိမ်ဆွဲလိုက်တော့
"အား......ဘာလုပ်တာလဲ...ရှောင်းကျန့်နော် လက်ထပ်ထားတာ တစ်ပတ်ထဲရှိသေးတယ် လက်ပါလာပြီ.....နာတယ်....နာတယ်လို့"
"ပါးစပ်ပိတ်ထား မဟုတ်ရင် ပိုနာမယ်"
ရှောင်းကျန့်က ရိပေါ်နားရွက်ကို ဆွဲကာ အခန်းထဲခေါ်လာလိုက်သည်။ အခန်းထဲရောက်မှ လွှတ်ပေးတော့ လူဆိုးလေးက နှုတ်ခမ်းကို ဆူထော်ထားကာ နီရဲနေသည့် သူ့နားရွက်သူပွတ်နေသည်။
YOU ARE READING
Saviors of the Omegaverse