Part (38)

5.3K 676 19
                                    

Unicode

ငါးနှစ်ခန့်ကြာပြီးနောက်

"Morning Sir"

"နိဟောင် Sir"

လမ်းမှာတွေ့သမျှ ကျောင်းသားတိုင်းက သူ့ကို တရိုတသေ နှုတ်ဆက်ကြပေမဲ့ သူ့ထံမှ အကြည့်တစ်ချက်မှလွဲ၍ ဘာမှတုံ့ပြန်မလာပေ။

"Sir.....Rector ကခေါ်ခိုင်းလိုက်လို့ပါ"

"ငါအတန်းရှိသေးတယ်"

"ဟုတ်ကဲ့ သိပ်မကြာပါဘူး။ ဒီနေ့ကျောင်းကို လာမဲ့ Lord ဝမ်ရဲ့အထူးတပ်ဖွဲ့ကို ကြိုပေးဖို့ပါ"

သေချာရှင်းပြလိုက်ပေမဲ့ မျက်မှန်အောက်မှ မျက်ဝန်းလှလှလေးများ၏ အေးစက်စက်အကြည့်ကိုသာ ပြန်ရလိုက်သည်။

"ဘာလဲ သူတို့ဘာသာ အားအားယားယားလာတာကို ငါက ပန်းစည်းနဲ့ကြိုနေရမှာလား။"

"ကျန်တဲ့ Professor တွေလဲကြိုမှာပါ။ လူစုံအောင်ပဲ Rector က အသိပေးခိုင်းလိုက်လို့ပါ Sir"

ကျောင်းသားခေါင်းဆောင်လေးက သူ့ကို မနည်းချော့မော့ပြီး ခေါ်လာရသည်။

"လာ....ရှောင်းကျန့်.....မင်းကိုစောင့်နေတာ"

"Rector အထူးတပ်ဖွဲ့က ဘာကိစ္စလာတာလဲ"

"ငါတို့ကျောင်းက ကျောင်းသားတွေကို သင်တန်းလာပေးတာ....ဒါနဲ့အထူးတပ်ဖွဲ့ခေါင်းဆောင်က ငါတို့ကျောင်းသားဟောင်းပဲ မင်းသိမှာပါ။"

"ကျွန်တော်သိဖို့မလိုပါဘူး...."

ရှောင်းကျန့်က ကျောင်းသားခေါင်းဆောင်ဘဝကနေ အခု ဆရာတစ်ယောက်ဖြစ်သွားတာတောင် အရင်လိုတသီးတသန့်ဆန်နေမြဲ။ ကျောင်းသားတွေကြားမှာတော့ သူ့ကို ဆရာအလှလေး၊ ချေမိုးနေတဲ့ ကြာပန်းလေး၊ ယုန်ဖြူလေး စသည်ဖြင့် နာမည်ပြောင် အမျိုးမျိုးပေးထားကြသည်။

ရှောင်းကျန့်က အသက်ငယ်သေးတာမို့ Professor မဖြစ်သေးပေမဲ့ ကျောင်းသားတွေက သူ့ကို မလေးမစားမလုပ်ရဲကြပေ။

"Rector သူတို့ရောက်လာပြီ"

အထူးတပ်ဖွဲ့ဆိုသည့်လူတွေက ကားအနက်ကြီးများနှင့် ရောက်လာပြီး ထိပ်ဆုံးကားတစ်စီးမှ အနက်ရောင် suit ဝတ်ထားသည့် လူများဆင်းလာပြီး အလည်မှ ကားဘေးနံဘေးတွင် ဝန်းရံလိုက်ကြသည်။

Saviors of the OmegaverseOnde histórias criam vida. Descubra agora