Part (40)

5.6K 636 41
                                    

Unicode

ရိပေါ် အိမ်တော်ထဲမှ မိုးမခပင်ကြီးပေါ်တက်ကာ စိတ်ညစ်ညစ်နှင့် ထိုင်သောက်နေသည်။ သစ်ပင်အောက်မှ bodyguard များက သူပစ်ချလိုက်သည့် ဘီယာဘူးခွံများကို လိုက်လံသိမ်းဆည်းပေးရင်း သစ်ပင်ပေါ်မှ ပြုတ်ကျမှာစိုး၍ အရိပ်တကြည့်ကြည့်နှင့်။

"သခင်လေးသောက်တာများနေပါပြီ။ Lord ဝမ်က အနားယူတော့ဖို့ မှာလိုက်ပါတယ်"

"Johnny ဒီနေ့ ကျွန်တော်အသည်းကွဲနေတယ်။ ကျွန်တော့်ကို ကိုကိုက ငြင်းလိုက်တယ်ဗျာ.....ခင်ဗျားပြောကြည့် ကျွန်တော်က ဘယ်နေရာကများမပြည့်စုံလို့လဲ။"

သစ်ပင်ပေါ်မှ ဝမ်သခင်လေးမှာ မူးမူးနှင့် ရစ်နေသည်။ ဒါ့ကြောင့် သက်တော်စောင့်တွေက ရေငုံနှုတ်ပိတ်ပြီး ရပ်နေကြတာပဲ။

"Timmy ဘယ်လိုလုပ်မလဲ သစ်ပင်ပေါ်တက်ပြီးပဲ သွား​ခေါ်လိုက်ရမလား"

"သခင်လေးက အသည်းကွဲနေတာလေကွာ လွတ်လွတ်လပ်လပ်ကွဲပါစေ။"

"ဒါပေမဲ့ Lord ဝမ်က"

"ဘယ်တတ်နိုင်မလဲ ခဏစောင့်ကြည့်ရအောင်"

နှစ်ယောက်သား အကြိတ်အနယ်တိုင်ပင်ပြီးနောက် သစ်ပင်အောက်မှာပဲ သတိအနေအထားနှင့် ရပ်စောင့်နေလိုက်ကြသည်။

"Johnny, Timmy မင်းတို့သွားလို့ရပြီ"

"ဟုတ်ကဲ့ပါ My Lord"

Lord ဝမ်က သားဖြစ်သူကို ခေါ်ဖို့ကိုယ်တိုင်လိုက်လာပုံရသည်။ သက်တောင်စောင့်နှစ်ယောက်လဲ Lord ဝမ်ရောက်လာပြီမို့ အရိုအသေပေးကာ ထွက်သွားကြသည်။

"မင်းက စိတ်ညစ်စရာတွေကို အရက်နဲ့ဖြေဖျောက်နေတာလား"

"ဒယ်ဒီ....အပင်ပေါ်တက်လာတယ်...."

"အင်းလေ...."

"တောင်းပန်ပါတယ် ဒယ်ဒီ...သား"

"တောင်းပန်စရာမလိုပါဘူးသားရယ်.....သား...အရမ်းလဲစိတ်ညစ်မနေပါနဲ့ ရှောင်းကျန့်က မင်းကို မုန်းတဲ့ အရိပ်အယောင်မရှိပါဘူး။ သူ့အတွက် အချိန်လိုဦးမှာပေါ့"

"ဒယ်ဒီ ကျွန်တော့်ကို ဒယ်ဒီနဲ့ပါး အကြောင်းပြောပြပါလား...."

Saviors of the OmegaverseWhere stories live. Discover now