Part (26)

5.8K 693 38
                                    

Unicode

"ကျန့်ကော မနက်ဖြန်ကျွန်တော့်အတွက် အချိန်ဖယ်ထားပေးပါလား"

"ဘာလုပ်မလို့လဲ"

"မနက်ဖြန်က ချစ်သူများနေ့လေဗျာ...ကျွန်တော်ကျန့်ကောနဲ့ ဖြတ်သန်းချင်တယ်"

"ဘာမှ ထွေထွေထူးထူးလဲ မဟုတ်ဘဲနဲ့"

"ကျန့်ကောက ကျွန်တော်နဲ့ မဖြတ်သန်းချင်လို့လားဟင်"

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် ရှောင်းကျန့်လက်မောင်းကို မှီကာချွဲနေသူက ဘုရားစူး Alpha တစ်ယောက်ပါ။

"သိပြီ မင်းသဘောပဲ...."

"ဟီးဟီး"

"ခပ်ခွာခွာထိုင်နေစမ်းပါ ဝမ်ရိပေါ်ရယ် မင်းမှာ အရိုးမပါဘူးလား"

"ကျန့်ကော မကြားဖူးဘူးလား ကြီးရင်မှီငယ်ရင်ချီတဲ့....ကောကကျွန်တော့ကို မချီတော့။ ကျွန်တော်ကောကို မှီနေတာ"

"ပေါက်ကရပြောရင်တော့ တော်တော်တတ်တယ်နော်....စာကျမကျက်ချင်ဘူး"

"ကောကလဲ....အဲ့ဒီစာအပိုဒ်လိုက်ကြီးတွေကျက်ရတာ ကျွန်​တော်မှ မ​ကြိုက်တာ...."

"ရိပေါ် ကိုယ်ခံပညာရပ်တွေမှာပဲ အမှတ်များနေလို့မရဘူး။ စာတွေ့တစ်ဘာသာကျလဲ ကျတာပဲ"

"စိတ်ညစ်လိုက်တာ.....ကော.....ဒီလိုလုပ်...ကျွန်တော် တစ်ပုဒ်ရရင် ကောကို တစ်ခါနမ်းမယ်လေ ဘယ်လိုလဲ"

"ရတယ်"

"တကယ်နော် ကျွန်တော်ကျက်ပြီ"

"အင်း"

ထိုညက ကျောင်းသားလေး ဝမ်ရိပေါ် မှာတစ်ပုဒ်ရ တစ်ခါနမ်းစနစ်ဖြင့် တစ်ညလုံးစာကြိုးစားနေခဲ့ပါသတဲ့။
____________________
"ကျန့်ကော ထတော့လေ ကျွန်တော်နဲ့ ဒိတ်မယ်ပြောထားတာကို"

မနက်စောစောစီးစီး ရိပေါ်တစ်ယောက် ရှောင်းကျန့်ကုတင်ပေါ်တက်ထိုင်ကာ ဖွဖွလေးလှုပ်နိုးနေသည်။

"ဘယ်နှနာရီရှိသေးလို့လဲ"

"မနက်ခြောက်နာရီ"

"မစောလွန်းဘူးလားကွာ"

"တစ်နေ့ကို နှစ်ဆယ့်လေးနာရီပဲရှိတာလေကောရဲ့ အဆောင်က ဆယ့်နှစ်နာရီပိတ်တော့ ဆယ့်ရှစ်နာရီပဲ လည်ချိန်ရတယ်လေ"

Saviors of the OmegaverseTempat cerita menjadi hidup. Temukan sekarang