Unicode
အိမ်ပြန်ရောက်နေပြီဖြစ်တဲ့ ရိပေါ်က ကုတင်ပေါ်မှာ ထိုင်ရင်း တစ်စုံတစ်ယောက်ကို လွမ်းနာကျနေလေသည်။
"သားငယ်လေး မားဝင်လာမယ်နော်"
"ဟုတ်ကဲ့ မား"
ဝမ်မာမားက အခန်းထဲဝင်လာပြီး ရိပေါ်ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်ကာ
"မာမားသာလေး အခုတလော ထမင်းလဲ သိပ်မစားဘူး....တမှိုင်မှိုင်တတွေတွေနဲ့....ဘာဖြစ်နေတာလဲ မားကိုပြော"
"ဗျာ....ဘာမှမဖြစ်ပါဘူး"
"မှန်မှန်ပြော....သားကျောင်းမှာ ချစ်ရတဲ့သူတွေ့နေပြီလား"
မားက မေးလာတော့ ရိပေါ် ရှောင်းကျန့်မျက်နှာလေးမြင်ယောင်ကာ ပြုံးမိသွားသည်။
"ပြော....ဘယ်Omega လေးလဲ သူကလှလား...သားအပေါ်ကိုရော ဘယ်လိုလဲ"
"နောက်တော့ သား...အိမ်ကိုခေါ်လာခဲ့မယ်လေ...အဲ့ကျမှ မားသေချာကြည့်ကြည့်...."
"ဟွန့်....မပြောပြဘူးပေါ့လေ"
"ဟီး"
"သား....ရိပေါ် အောက်မှာ မင်းရဲ့ လေးလေးရောက်နေတယ်"
"ဟုတ်ပါပါး"
ရိပေါ်က သူ့ဦးလေး ဟောက်ရွှမ်း၏ အဖေကိုလဲ အတော်လေးခင်တွယ်သည်။ ခုလဲ လေးလေးရောက်နေသည်ဆိုလို့ အပြေးတစ်ပိုင်း။
"လေးလေး ခုမှ လာတာလား"
"အေးကွာ....လေးလေးမအားလို့"
"အပြင်သွားရအောင် ကျွန်တော့်ကို မုန့်လိုက်ဝယ်ကျွေးလေးလေး"
"ကောင်းပါပြီဗျာ"
ရိပေါ် လေးလေးကို ခေါ်ပြီး အပြင်ထွက်လာခဲ့သည်။
"လေးလေးကို ဘာပြောမလို့လဲ ရိပေါ်"
အကြောင်းသိသည့် လေးလေးက ရိပေါ် တမင်တကာ သူ့ကို အပြင်ခေါ်လာမှန်းသိသည်။
"ကျွန်တော်မေးစရာလေးရှိလို့ပါ"
"မင်းဘာမေးမလဲ လေးလေးသိတယ်"
"ဟောက်ရွှမ်းပြောတာလား လေးလေး"
"အင်း....ဟောက်ရွှမ်းက မင်း Commander အဆောင်မှာနေရတယ်လို့ပြောကတည်းက လေးလေးအံ့သြသွားတာ....မင်းသိလောက်ပြီမှန်း လေးလေးရိပ်မိပါတယ်"
CZYTASZ
Saviors of the Omegaverse