Part (52)

4.7K 509 12
                                    

Unicode

Location- Mars Black Market

သက်ရှိများ နေထိုင်ခြင်းမရှိသည့် Mars ဂြိုဟ်အား အုပ်စိုးမည့်သူမရှိ။ ဘယ်ဂြိုဟ်၏ အပိုင်ရယ်လို့လဲ သတ်မှတ်ထားခြင်းမရှိတာကြောင့် ဂြိုဟ်အသီးသီးမှ Alien များအတွက် တရားမဝင်ရောင်းဝယ်ဖောက်ကားရာ နေရာဖြစ်နေသည်။

"သတိထားပြီးသွားကြ။ ဒီနေရာက လူသားတွေရော ဂြိုဟ်သားတွေရော ဝင်ထွက်နေတဲ့နေရာ။ လူသားအချင်းချင်းက ကိစ္စမရှိပေမဲ့ ဂြိုဟ်သားတွေကိုတော့ တတ်နိုင်သလောက်ရှောင်နေပါ။ အကြောင်းမဲ့တော့ ရန်မပြုတတ်ပေမဲ့....သူတို့မကြိုက်တာ တစ်ခုခုလုပ်မိရင် အန္တရာယ်ပေးလိမ့်မယ်။"

"အင်း"

spacesuit များဝတ်ထားသည့် သူတို့လေးယောက်မှာ ကမ္ဘာမြေဆွဲအားမရှိသည့်နေရာဖြစ်တာကြောင့် လမ်းလျှောက်ရတာ သိပ်အဆင်မပြေလှ။ ရှေ့ဆုံးမှ သွားနေသည့် ရိပေါ်ကို ရှောင်းကျန့်က လှမ်းဆွဲထားလိုက်ကာ

"မင်းရဲ့ အောက်စီဂျင်ကို သေချာစစ်ခဲ့ရဲ့လား"

ရိပေါ်က လက်ညှိုးနှင့် လက်မကိုဝိုင်းပြလိုက်သည်။ ထိုအခါမှ ရှောင်းကျန့်က လွှတ်ပေးလိုက်သည်။

သူတို့အဖွဲ့ စျေးဂိတ်ကိုရောက်တော့ အရပ်ကိုးပေခန့်ရှိသည့် ခပ်ထွားထွားလူလိုလို ဂြိုဟ်သားလိုလိုကြီးနှစ်ယောက်က သူတို့ကို လက်နှင့်တားလိုက်ကာ ဘာကြောင့်ရောက်လာလဲမေးသည်။ ရိပေါ်က သူတို့လက်နက်လာရှာတာဖြစ်ကြောင်းပြောတော့ ဘယ်ဘက်အခြမ်းကို လမ်းညွှန်ပြလိုက်သည်။

လက်နက်ရောင်းသည့် နေရာရောက်တော့ ဒုတိယအကြိမ်အတားခံရပြန်သည်။ ရိပေါ်နှင့် ထိုဂြိုဟ်သားဘာတွေညှိုနှိုင်းနေသည်မသိ လက်ဟန်ခြေဟန်နှင့် ပြောဆိုနေကြသည်။

"ရိပေါ်က ဂြိုဟ်သားစကား တတ်တာလား"

"ဒီ system ထဲမှာ ဂြိုဟ်တိုင်းနားလည်တဲ့ ဘာသာစကားသုံးပြီးပြောနေတာ။ အသံထွက်စရာမလိုဘဲ အမူအရာနဲ့ပြောရုံပဲ"

"ဪ"

ရှောင်းကျန့်ရှင်းပြတော့မှ တပ်သားလေးယွီပင်းက ရိပေါ်ကို အားကျသလို ကြည့်နေသည်။ ညှိုနှိုင်းလို့ ပြီးသွားတော့ ရိပေါ်က လက်လှမ်းပြကာ သူ့နောက်လိုက်ခဲ့ဖို့ခေါ်သွားသည်။

Saviors of the OmegaverseWhere stories live. Discover now