Part (48)

5.1K 598 45
                                    

Unicode

မင်္ဂလာအခမ်းအနားစတင်တော့မည့်အကြောင်း bodyguard တစ်ဦးမှ အသိပေးလာတော့ ရိပေါ် ရှောင်းကျန့်ပါးကို ဖြတ်ကနဲနမ်းပြီး ကိုယ့်ကိုကိုယ်မှန်ရှေ့သေချာပြန်ကြည့်ကာ ခန်းမထဲဝင်သွားနှင့်သည်။

"Oh.....လူတွေအများကြီးပဲ"

ခန်းမထဲမှ ထောင်ချီသည့် ဧည့်ပရိသတ်ကြောင့် ရိပေါ် ချီတုံချတုံဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ သခင်လေး"

"အာ...ဘာမှမဖြစ်ပါဘူး"

"သတို့သား ဝမ်ရိပေါ် ဝင်လာလို့ရပါပြီ"

အခန်းအနားမှူး၏ ကြေညာသံထွက်လာသည်နှင့် ရိပေါ် အသက်ပြင်းပြင်းရှူထုတ်ကာ စင်မြင့်ပေါ်သို့ တက်သွားလိုက်သည်။

စင်မြင့်ပေါ်ရောက်တော့ ခန်းမတစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ရှေ့ဆုံးမှာ ထိုင်နေသည့် ဒယ်ဒီက သူ့ကို ပြုံးပြနေပြီး ဒုတိယအတန်းမှာ ထိုင်နေသည့် မာမားက မျက်ရည်တွေလက်ကိုင်ပဝါလေးနှင့် သုတ်ရင်း ပြုံးကြည့်နေသည်။ ဝမ်ပါးပါးကလဲ မျက်ရည်ဝဲနေသည့် ကြားမှ ခေါင်းညိတ်ပြလာသည်။ ဝမ်မားမားငိုနေတာမြင်တော့ ရိပေါ်ပါ ငိုချင်လာသလိုလို။

"သတို့သား ရှောင်းကျန့်ဝင်လာလို့ရပါပြီ"

အခမ်းအနားမှူးက ဆက်လက်ကြေငြာတော့ ရိပေါ် သူ့သတို့သားလေးဝင်လာမည့်လမ်းကိုငေးကြည့်နေလိုက်သည်။

ခဏကြာတော့ ငြိမ့်ငြိမ့်ညောင်းညောင်းသီချင်းသံနှင့်အတူ အဖြူရောင် suitလေးနှင့် ချောမောခန့်ညားနေသည့် ရှောင်းကျန့်က မျက်နှာတည်တည်နှင့် red carpet လျှောက်သလို ခပ်သွက်သွက်လှမ်းဝင်လာသည်။ တကယ်ဆို သတို့သားအရံများနောက်မှ ဖြည်းဖြည်းချင်း လိုက်လာရမည့် ရှောင်းကျန့်က အစဥ်အလာကို မသိဘဲ တန်းဝင်လာဟန်တူသည်။ များပြားလှသည့် ဧည့်ပရိသတ်ကြောင့်လဲ စိတ်မကြည်ဟန်။

အ​နောက်မှ သတို့သားအရံများကတော့ ခြေလျားသည့် ခြေတံများနှင့် လမ်းလျှောက်မြန်လွန်းသည့် ရှောင်းကျန့်​နောက်ကို မပြေးရုံတမယ်လိုက်နေရသည်။ လူကောင်သေးသည့် ဖန်ရှင်းကတော့ အဆိုးဆုံး။

Saviors of the OmegaverseTahanan ng mga kuwento. Tumuklas ngayon