Unicode
"ကျန့်ကော.....သတိရပြီလား"
ရှောင်းကျန့် ရိပေါ်ရင်ခွင်ထဲလှဲနေရာမှ ခေါင်းကို အုပ်ကိုင်ပြီး ထထိုင်လိုက်သည်။
"ဒါဘယ်နေရာလဲ"
"ဒါဂိုဒေါင်အောက်မှာ တူးထားတဲ့ မြေအောက်လှိိုဏ်ခေါင်းတဲ့"
"ငါတို့ ဒီထဲကို ဘယ်လိုရောက်လာတာလဲ"
"ဒီက လူကြီးမင်း ကျွန်တော်တို့ကို ကယ်လိုက်တာ ကိုကို.....ကိုကို ခေါင်းကသက်သာလား။"
မြေအောက်လိုဏ်ခေါင်းထဲသို့ အရှိန်နှင့် ပြုတ်ကျသွားစဥ်က ရှောင်းကျန့် ခေါင်းနှင့် ကြမ်းပြင် ဆောင့်မိပြီး သတိလစ်သွားခြင်းပင်။ ရိပေါ်က ရှောင်းကျန့် ခံနေ၍ ဘာမှမဖြစ်လိုက်။
"ခင်ဗျားက......."
ရှောင်းကျန့် သူတို့ကို ကယ်ခဲ့သည့်လူကို မြင်ဖူးသလိုလိုရှိတာကြောင့် သေချာကြည့်နေမိသည်။
"လူကြီးမင်းက အကျဥ်းသားတစ်ယောက်ဆိုပေမဲ့ သူက လူကောင်းပါ။ ကျွန်တော်တို့ကို ကယ်ခဲ့တယ်လေ"
"ခင်ဗျားက Wallace မလား"
ထိုလူက ရှောင်းကျန့်ကို မျက်မှောင်ကျုံ့ကာ ကြည့်လာပြီးနောက်
"မင်းက ငါ့ကို သိတာလား"
"ခင်ဗျားက Earth 5ရဲ့ စွမ်းအားအကြီးဆုံး Savior လေးယောက်ထဲက တစ်ယောက်ပဲ။"
"Saviors လေးယောက်ဆိုတာက"
"Young Master ဝမ်၊ Shane၊ Wallace နဲ့ ငါ့ပါး"
"အဲ့တာဆို မင်းက အစ်ကို ရှောင်းမင်ကျန်းရဲ့ သားလား"
"ဟုတ်တယ်"
"ခင်ဗျားကို သေသွားပြီလို့ပဲ သိထားတာ။ အကျဥ်းထောင်ထဲရောက်နေမယ်လို့ မထင်ထားဘူး"
"အေး....အဘိုးကြီးဝမ်က ငါ့ကို အထဲမှာချုပ်ထားတာ....နှစ် နှစ်ဆယ်ကျော်တောင် ကြာခဲ့ပြီ"
"Lord ဝမ်ရဲ့ အဖေကို ပြောတာလား"
"အင်း.....အခု အဲ့ဒီအဘိုးကြီးရှိသေးလား။ လင်းဟန်ရော"
"Lord ဝမ်ရဲ့ အဖေက လွန်ခဲ့တဲ့ ငါးနှစ်ကပဲ ဆုံးသွားပါတယ်။ အခု Earth 5 ကို Lord ဝမ်က အုပ်ချုပ်နေတာ။ ကျွန်တော့်ပါးကတော့ ဝန်ကြီးချုပ်ပါ"
VOCÊ ESTÁ LENDO
Saviors of the Omegaverse