Part (21)

6K 698 41
                                    

Unicode

"ဂျစ်.....ဂျစ်......ရိ.....ရိပေါ်"

ဆက်သွယ်ရေးလက်ပတ်မှ မသဲမကွဲအသံကြားလိုက်တာကြောင့် ရိပေါ် အားတက်သွားသည်။

"ကျန့်ကော....."

"မင်းဆီငါ......လာ......မယ်....စောင့်"

ထုံးစံအတိုင်း ဆုံးအောင်မပြောလိုက်ရဘဲ ပြတ်သွားပြန်သည်။

"စျေးပေါတဲ့ ဟာတွေပေးထားတာလားကွာ......ပေးသာပေးထားတယ် သုံစားလို့လဲ မရဘူး"

ရိပေါ်က ပွစိပွစိရေရွတ်နေတုန်း ဖန်ရှင်းက ရိပေါ်နားနားကပ်ကာ အသံတိုးတိုးနှင့်

"ရိပေါ် နောက်က ချုံပုတ်ထဲမှာ တစ်ခုခုရှိနေတယ်ထင်တယ်"

"အင်း ငါလဲ အသံကြားတယ်...တစ်နှစ်သုံးဆိုတာနဲ့ ပြေးမယ်"

"ဟမ်....မချတော့ဘူးလား"

"ပြေးလို့မလွတ်မှဘဲ ခံချကြတာပေါ့ ငါဗျူဟာပြောင်းလိုက်ပြီ"

"ဪ အေးပါ"

ပြေးဖို့ အသင့်ပြင်ထားသည့် နှစ်ယောက်သားမှာ ချုံပုတ်အနောက်က ထွက်လာသည့် ဘာမှန်းမသိသေးသည့်အကောင်ကြီး၏ အရိပ်ကို မြင်ရုံနှင့် တံတွေးမြိုချမိသည်။

"ဘာကောင်ကြီးလဲကွ"

"မသိဘူး တစ်နှစ်ပြေး....."

"အာ....ငါ့ကိုစောင့်ဦးလေ ဝမ်ရိပေါ်"

ဖနောင့်နှင့် တင်ပါးတစ်သားတသားတည်းကျအောင်ပြေးသွားကြရင်း စမ်းချောင်းတစ်ခုအနားရောက်​တော့ ပြေးလမ်းပိတ်သွားသည်မို့ အရှိန်သတ်လိုက်ကြသည်။

"ရေထဲခုန်ချမလား"

"ဒါရေတံခွန်ကြီးကွ မင်းခုန်ချလိုက်ရင် ရေထဲမျောသွားပြီးရေတံခွန်ကနေ ပြုတ်ကျမှာ"

"ရိပေါ် အ​နောက်မှာ"

နှစ်ယောက်သား အ​နောက်ကို ပြိုင်တူလှည့်ကြည့်တော့ မကြာသေးခင်က ဆုံခဲ့သည့်ညမိတ်ဆွေကြီးနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။

"ဒီကောင်က အ​တောင်ပံကြီးနဲ့ဟ...ဒါတောင် ငါတို့ကို မှီအောင်မလိုက်နိုင်ဘူး။"

Saviors of the OmegaverseDonde viven las historias. Descúbrelo ahora