Part (56)

6.7K 589 64
                                    

Unicode

မျက်ရည်ထွက်သည်အထိ အူလှိုက်သည်းလှိုက်ရယ်နေတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်ပါလိုက်ရယ်မိသည်။

"ဟားဟား....ဝမ်ရိပေါ်....မင်းပုံစံကလေ ရွှံ့လူးနေတဲ့ ဝက်ပေါက်လိုပဲ။ ခုနက နှုတ်ခမ်းကြီးဆူထားတာ တကယ်ဝက်ပေါက်နဲ့တူတယ် ဟားဟား...."

သူ့ကို တပ်သားများရှေ့ ဝက်ပေါက်နှင့်တူသည်ဆိုကာ တဟားဟားအော်ရယ်နေသည့် ရှောင်းကျန့်ကို စိတ်မဆိုးမိ။ ကိုကိုက သူ့ကို ချစ်စရာကောင်းတယ်လို့ သွယ်ဝိုက်ပြောနေခြင်းပဲ မဟုတ်လား။

ရိပေါ် သူ့မူပိုင်တစ်ခြမ်းရွဲ့အပြုံးကြီးနှင့် ပြုံးလိုက်ပြီးနောက် ရှောင်းကျန့်လက်ကို လှမ်းဆွဲလိုက်သည်။ အငိုက်မိသွားတဲ့ရှောင်းကျန့်က သူ့လိုပဲ ရွှံ့ပုံထဲသို့ ခေါင်းစိုက်ကျသွားသည်။

"ဟားဟား....ယုန်တွေလဲ ရွှံ့လူးတာပဲလား"

"ဝမ်ရိပေါ်!"

ရှောင်းကျန့်က မကျေမနပ်နှင့် ကုန်းထပြီး ရိပေါ်ခေါင်းကိုကိုင်ကာ ရွှံ့ထဲထပ်နှစ်လိုက်သည်။ ရိပေါ်က ရုန်းတော့ နှစ်ယောက်လုံး ရွှံ့ပုံထဲမှာ နပန်းသတ်ရင်း လုံးထွေးနေကြသည်။ အနားမှာအလုပ်လုပ်နေကြသည့် တပ်သားတွေက နှစ်ယောက်သား လွတ်လွတ်လပ်လပ်ဆော့လို့ရအောင် အလိုက်တသိရှောင်ထွက်ပေးသွားကြသည်။

"တော်တော့ကွာ....ညနေစောင်းနေပြီ ပြန်ရအောင်"

"အင်း ပြန်ရအောင် ကိုကိုလဲ လူရုပ်​တောင်မပေါ်တော့ဘူး...."

"မင်းလဲ လူရုပ်မပေါ်တော့ဘူး မြန်မြန်ပြန်ရအောင်ကွာ တော်ကြာ ညဘက်ကြီး သူများတွေမြင်ရင် ငါတို့ကိုသရဲထင်သွားဦးမယ်"

"ဟားဟား.......ပြန်ကြမယ်....ကိုကို အင်္ကျီဝတ်"

"ငါ့အင်္ကျီမတွေ့တော့ဘူး....ဘယ်ရောက်သွားလဲမသိ....တော်ပြီကွာမရှာတော့ဘူး ဒီတိုင်းပြန်မယ်....တစ်ကိုယ်လုံးရွှံ့တွေပေနေတာပဲဟာ ကိစ္စမရှိပါဘူး"

"ဒါပေမဲ့ ဒီအသီးလေးတွေက ထင်း​နေတယ်လေ"

ရိပေါ်က ရှောင်းကျန့်ရင်ဘတ်ပေါ်မှ ပွင့်ချပ်လေးများကို ကိုင်ရင်းပြောတော့ ရှောင်းကျန့်က ထိုလက်ကို ရိုက်ချလိုက်ကာ

Saviors of the OmegaverseWhere stories live. Discover now