Part (12)

6.6K 809 49
                                    

Unicode

"စီနီယာရှောင်း....စီနီယာရှောင်း"

သတိပြန်ရလာပြီဖြစ်တဲ့ ရှောင်းကျန့်က ကုတင်ပေါ်မှာထိုင်နေတုန်း ဝှီးချဲကြီးနှင့် ဝင်လာသည့် ရိပေါ်ကိုမြင်တော့ အလိုမကျသလို မျက်မှောက်ကျုံ့ရင်း ကြည့်​နေသည်။ ရိပေါ်က ရှောင်းကျန့် ကုတင်အနားအထိ တိုးသွားလိုက်ကာ

"စီနီယာ ဘယ်လိုနေသေးလဲဟင်....ဒဏ်ရာတွေက စိုးရိမ်ရလား"

"ငါ့ပုံစံက စိုးရိမ်ရတဲ့ ပုံပေါက်နေလို့လား"

ထုံးစံအတိုင်း အသံမာနေပုံထောက်​တော့ စိုးရိမ်စရာမလိုဘူး ထင်ပါတယ်။

"စီနီယာ ကျွန်တော်လေ စီနီယာ့ကို ပြောစရာရှိတယ်....."

"ပြော"

"ဟိုလေ နှစ်ယောက်ထဲပြောချင်တာ"

အနားမှ ကျိရန်နဲ့ စန့်ကျင်တို့က ပြုံးစိစိရုပ်တွေနှင့် အလိုက်တသိအပြင်ထွက်သွားပေးကြသည်။

"အရင်ဆုံး ကျွန်တော်တောင်းပန်ပါတယ်။ စီနီယာ့ကို မကာကွယ်ပေးနိုင်တဲ့အပြင် ဒဏ်ရာပါရစေခဲ့လို့။"

"အဲ့တာမင်းတောင်းပန်စရာမလိုဘူးလို့ ငါပြောပြီးပြီ"

"စီနီယာကျွန်တော့်အပေါ် ဂရုစိုက်ပေးခဲ့တာတွေကို မမြင်နိုင်ခဲ့ပဲ စီနီယာ့ကို အမြဲရန်စနေခဲ့မိလို့ ​တောင်းပန်ပါတယ်......ကျွန်တော်စီနီယာ့ကို ဒီတစ်ခါ ပြန်စောင့်ရှောက်ပေးပါမယ်...."

"မင်းကိုယ့်ကိုကိုယ်တောင် မစောင့်ရှောက်နိုင်ဘဲနဲ့ ငါ့ကို ဘာတွေလာပြောနေတာလဲ"

"ကျွန်တော်....သေချာပေါက်စောင့်ရှောက်နိုင်ပါတယ်.....ကျွန်တော် စီနီယာ့ကို ချစ်တယ်"

ဖြုန်းစားကြီး ချစ်တယ်ဆိုလိုက်တာကြောင့် ရှောင်းကျန့် ရိပေါ်ကို အလန့်တကြားကြည့်လိုက်သည်။ ရိပေါ်က ဆရာထံမှ အဖြေကိုစောင့်ဆိုင်းနေသည့် ကလေးငယ်လို ရှောင်းကျန့်အား မျက်လုံးဝိုင်းလေးနှင့် ကြည့်နေသည်။

"ဝမ်ရိပေါ် မင်းခေါင်းထိသွားတာလား"

"စီနီယာကလဲ ကျွန်တော်တကယ်ပြောနေတာပါဗျ....ကျွန်တော်ကိုယ်တိုင်သာ သတိမထားမိခဲ့ပေမဲ့....ကျွန်​တော်စီနီယာ့ကို ပထမဆုံးအကြိမ်စတွေ့ကထဲက ချစ်မိသွားခဲ့တာပါ....စီနီယာ....ကျွန်တော့်ကို မုန်းလားဟင်"

Saviors of the OmegaverseWhere stories live. Discover now