Part (62)

4K 419 2
                                    

Unicode

"သား......သတိရလာပြီလား"

"ဟုတ်ကဲ့ ဒယ်ဒီ.....ကျန့်ကောရော...ကျန့်ကော ဘယ်မှာလဲ....."

သတိရရချင်း ရှောင်းကျန့်ကိုမေးသည့် သားဖြစ်သူကိုLordဝမ် စိတ်မကောင်းစွာကြည့်နေမိသည်။ တော်တော်လဲ ချစ်တတ်ပါလား ငါ့သားရယ်။

"ရှောင်းကျန့်သတိပြန်မရသေးဘူးသား....."

"ကျွန်တော် ကျန့်ကောကိုသွားကြည့်လို့ရမလား ဒယ်ဒီ"

"အင်းရတာပေါ့...ဖြည်းဖြည်းထ"

Lord ဝမ် ကုတင်ပေါ်မှ ခက်ခက်ခဲခဲထနေရသည့် သားဖြစ်သူကို wheelchair ပေါ်တင်ပေးလိုက်ပြီး ရှောင်းကျန့်အခန်းသို့ တွန်းလာလိုက်သည်။

"ကျေးဇူးပါပဲ ဒယ်ဒီ"

Lord ဝမ်ခေါင်းငြိမ့်ပြပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။ ကုတင်ပေါ်တွင် ဆေးပိုက်တန်းလန်းနှင့်မေ့မြောနေသည့် ရှောင်းကျန့်က သွေးမရှိသလိုဖြူဖျော့နေသည်။

"ကိုကို.....ကျွန်တော်က တော်တော်အသုံးမကျဘူးနော်...."

"အာ.....ရိပေါ်ရောက်နေတာလား။ငါဝင်လာလို့ရမလား...."

ကျိရန်က အခန်းထဲဝင်လာပြီး ရိပေါ်ကိုခွင့်တောင်းလာသည်။

"ဟုတ်ကဲ့ကော"

ကျိရန်က ရှောင်းကျန့်အခြေအနေကို စစ်ဆေးပြီး ရိပေါ်ဘေးတွင် ဝင်ထိုင်လိုက်သည်။

"ကျန့်ကောက ခုထိဘာလို့ သတိမရသေးတာလဲကော"

"ရှောင်းကျန့်ကအရမ်း အားနည်းနေတာ။ သူ့ကိုယ်တွင်းအင်္ဂါတွေလဲ တော်တော်လေးထိခိုက်ထားတယ်။ နဂိုအတိုင်းဆို တစ်လ၊နှစ်လလောက်နေရင် ပြန်ကောင်းနိုင်ပေမဲ့ ခုသူ့စွမ်းအားတွေကို ဗိုက်ထဲကကလေးကစုပ်ယူထားတော့ ‌တစ်နေ့တခြားအ‌ခြေအနေက စိုးရိမ်စရာဖြစ်လာတာ။"

"ကျန့်ကော ပြန်မကောင်းနိုင်တာ ကလေးကြောင့်လား......ကော....အဲ့ဒါဆိုရင်....ကျွန်တော်"

"ရိပေါ် မင်းတွေးနေတာ ငါသိတယ်။ ရှောင်းကျန့်က အဲ့လိုဖြစ်ချင်မှာမဟုတ်ဘူး"

"ကော....ကျန့်ကောက ကျွန်တော့်အတွက် အရာအားလုံးပါ။တကယ်လို့ ကျန့်ကောနဲ့ ကလေးကို ရွေးရမယ်ဆိုရင် ကျွန်တော်ကျန့်ကောကိုပဲ ရွေးမှာ....ဖခင်စိတ်မရှိဘူးပဲပြောပြော ကျွန်တော့်အတွက် ကျန့်ကောမရှိရင်မဖြစ်ဘူး။ ကော.....ကျန့်ကောကိုရအောင် ကယ်ပေးပါ....ကျေးဇူးပြုပြီး"

Saviors of the OmegaverseOù les histoires vivent. Découvrez maintenant