Part (14)

6.5K 788 33
                                    

Unicode

"မင်း.....ငါနဲ့လိုက်ခဲ့"

နံရံကို မှီရင်း ရပ်နေသည့် လီပေါ်ဝမ်က ရိပေါ်နှင့် ရှောင်းကျန့်ပြောနေသည့် စကားတွေကို ကြားသွားဟန်တူသည်။ လီပေါ်ဝမ်က ရှောင်းကျန့်အပေါ်ဘယ်လိုသဘောထားလဲ သိနေတာကြောင့် ရိပေါ်ခေါင်းငြိမ့်ပြရင်း နောက်ကနေသာ လိုက်လာခဲ့လိုက်သည်။

"မင်း ရှောင်းကျန့်နဲ့ ဝေးဝေးနေ"

"ဘာလို့လဲ....ကျွန်တော် စီနီယာရှောင်းအနားမှာ နေတာမနေတာက စီနီယာ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။"

"မင်းအသက်မသေချင်ရင် ငါပြောတာ နားထောင်သင့်တယ်"

"ကျွန်တော်က သူရဲဘောကြောင်တဲ့သူမဟုတ်ဘူး စီနီယာ...."

"မိုက်ရူးရဲဆန်လိုက်တာ....မင်းလို ကလေးတစ်ယောက်က ရှောင်းကျန့်အတွက် ဘာများလုပ်ပေးနိုင်လို့လဲ....မင်းကြောင့်ပဲ ရှောင်းကျန့် ဒုက္ခများရတာ....မင်းကြောင့်မို့ ရှောင်းကျန့်  ဒဏ်ရာရခဲ့တာ.....အဲ့တာတောင် မင်းက သူအနားမှာ နေချင်သေးတာလား...."

"စီနီယာကျတော့ ဒီလောက်အချိန်တွေအကြာကြီး အနားမှာရှိနေပြီးတော့ ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ....ကျွန်တော်က စီနီယာ့လို မဟုတ်ဘူး။ စီနီယာရှောင်းအချစ်ကို ရဖို့ ဘယ်နည်းနဲ့မဆို ကြိုးစားမှာ။ ဘယ်သူမှ တားလို့မရဘူး။ ဝန်ကြီးချုပ်ကိုယ်တိုင်တောင် တားလို့မရစေရဘူး။"

"မင်း!.....ငါ့ကို စော်ကားနေတာလား"

လီပေါ်ဝမ်က ရိပေါ်ရဲ့ အင်္ကျီကော်လံကို ဆွဲရင်း အံကြိတ်ကာ မေးလိုက်သည်။

"မစော်ကားပါဘူး....ကျွန်တော်နဲ့ ယှဥ်ပြီး ပြောပြရုံပါ....စီနီယာက ဘာလို့ အဲ့လောက် ဆတ်ဆတ်ခါအောင် နာနေရတာလဲ"

"ဝမ်ရိပေါ်!!"

ဒီတစ်ခါတော့ လီပေါ်ဝမ် ဒေါသကို ထိန်းချုပ်မထားနိုင်တော့ဘဲ ရိပေါ်မျက်နှာကို ထိုးချလိုက်သည်။ လဲကျသွားသည့် ရိပေါ်ကို အပေါ်ကနေ အုပ်မိုးပြီး

"နောက်တစ်ခေါက်ထပ်ပြောမယ် ရှောင်းကျန့်နဲ့ ဝေးဝေးနေစမ်း မဟုတ်ရင် ဝန်ကြီးချုပ်ရှောင်းထက် ငါအရင်မင်းကို သတ်မိလိမ့်မယ်"

Saviors of the OmegaverseDonde viven las historias. Descúbrelo ahora