Unicode
ရှောင်းကျန့်က မှောက်လျက်သားလှဲနေရာမှ ရိပေါ်ဘက်မျက်နှာလှည့်လိုက်သည်။
"မင်းအရင်တုန်းက heat တက်တာ ငါမမြင်ဖူးဘူး"
"ဟုတ်တယ် ကိုကို ကျွန်တော်တပ်ထဲရောက်သွားတဲ့ အချိန်မှ ပထမဆုံး heat တက်တာ"
ရှောင်းကျန့်က အထိတ်တလန့်ဖြစ်သွားပြီးနောက်
"မင်း....ဘယ်လိုဖြေရှင်းလဲ"
"တပ်ထဲမှာ Alpha တွေ heat တက်တဲ့အခါ သောက်ဖို့ဆေးပေးထားတယ်။ ကိုကို...စိုးရိမ်နေတာလား....စိတ်ချပါဗျ...ကျွန်တော်က ကိုကိုမဟုတ်တဲ့ အခြားတစ်ယောက်ကို အမှတ်အသားပေးပါ့မလား"
"ငါမစိုးရိမ်ပါဘူးနော်"
ရှောင်းကျန့်၏ ခပ်ပါးပါးနှုတ်ခမ်းလေးမှာ အနဲငယ်ဆူသွားသယောင်။
"ပြီးတော့ တပ်ဖွဲ့ထဲမှာ Alpha တွေနဲ့ Omega တွေနဲ့ကို ခွဲထားတယ်လေ အတူတူမထားဘူး။ ဒယ်ဒီကပြောတယ် ကျွန်တော်က ရှားပါး Alpha မိဘနှစ်ယောက်ကနေ မွေးဖွားလာတဲ့သူမို့ Heat Cycle ကကြာတယ်တဲ့(တစ်နှစ်မှာဆို heat တက်တဲ့အချိန်နဲတာကိုပြောတာပါ)။"
"မင်းကကောင်းလိုက်တာ ငါကျတော့...."
"ဘာဖြစ်လဲ ကိုကိုရဲ့ ကျွန်တော်တစ်ယောက်လုံးရှိတာပဲဟာ....အခုဆိုရင် ကိုကို့မှာ ကျွန်တော်ပေးထားတဲ့ အမှတ်အသားရှိသွားပြီ။ ကိုကို့ mate ကကျွန်တော်ပဲ....."
"မင်းပြောတော့ ငါ့ဆန္ဒမပါဘဲ အမှတ်အသားမပေးဘူးဆိုပြီး"
"အခုက မဖြစ်မနေမို့ပါ ကိုကိုရယ် ကျွန်တော့်ကို ခွင့်လွှတ်နော်"
"ဘာကို မဖြစ်မနေလဲ"
"အဲ့တာက....."
"ရိပေါ် ကိုကိုမသိသေးတဲ့ကိစ္စတွေ အကုန်ပြောပြပါ။ ဒီငါးနှစ်အတွင်း မင်းဘာတွေလုပ်နေခဲ့တာလဲ ဘယ်လိုဖြစ်ပြီး မင်းက Lord ဝမ်ရဲ့သားဖြစ်သွားတာလဲဆိုတာ"
"ကျွန်တော်ပြောပြပါမယ်ကိုကို.....တကယ်တော့ အဲ့ဒီညက.........."
Flashback starts
ကိုကို့ကို Lord ဝမ်ရဲ့တူနဲ့ စေ့စပ်ပေးတော့မယ်တဲ့။ သူကိုကို့ကို ဘယ်နည်းနဲ့မှ လက်မလွှတ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့လို ဘာမှမပိုင်ဆိုင်တဲ့ သာမန် Alpha လေးတစ်ယောက်က တောင်ဝင်မျိုးနွယ်တစ်ယောက်ကို ယှဥ်နိုင်မတဲ့လား။ ရိပေါ် ညစာစားပွဲမှာ ဆက်မနေနိုင်တော့။ ပျက်ယွင်းနေသည့် မျက်နှာကို ထိန်းချုပ်ဖို့လဲ သတိမရနိုင်ဘဲ ချက်ချင်းထထွက်လာခဲ့သည်။ ကိုကိုနဲ့ သူ့ပါး အခြေအတင်ပြောနေကြတာကိုတော့ ကြားပါရဲ့ ဒါပေမဲ့ သူဂရုမစိုက်နိုင်တော့ ဦးတည်ရာမဲ့စွာ ပြေးထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/250584333-288-k417303.jpg)
ESTÁS LEYENDO
Saviors of the Omegaverse