Part (50)

5.5K 598 29
                                    

Unicode

ရှောင်းကျန့် အိပ်ရာနိုးတော့ သူ့ဘေးမှာ ရိပေါ်ရှိမနေ။ ကိုယ်ပေါ်မှာ အဝတ်အစားအပြည့်အစုံရှိနေတာကြောင့် မနေ့ညက ရိပေါ် သူအိပ်ပျော်သွားတုန်း သန့်ရှင်းပေးထားသည်ထင်သည်။ ရှောင်းကျန့် ဝရံတာဘက်ထွက်ကြည့်တော့ ရိပေါ်က ခြံထဲမှာ တစ်ယောက်ယောက်နှင့် ဖုန်းပြောနေသည်။

ခြံထဲထိဆင်းပြီးပြောရလောက်အောင် သူမသိစေချင်တဲ့စကားရှိနေလို့များလား။ ရှောင်းကျန့် အတွေးမလွန်ဖို့ ကိုယ့်ကိုကိုယ်သတိပေးရင်း ရေချိုးခန်းထဲဝင်သွားလိုက်သည်။

ရေချိုးပြီးပြန်ထွက်လာတော့ ရိပေါ်က ကုတင်ပေါ်မှာ ထိုင်နေသည်။

"ကိုကို အဆင်ပြေလား"

"အင်း"

"မနက်စာ စားတော့မလား ကျွန်တော်ပြင်ပေးမယ်"

"ငါပြင်လိုက်မယ် မင်းတပ်ထဲသွားရမှာမလား"

"အွန်း....."

ရှောင်းကျန့် အေပရွန်လေးဝတ်ကာ မနက်စာပြင်နေတုန်း ရိပေါ်က ကပ်ပါးကောင်လေးလို ရှောင်းကျန့်ခါးကို အနောက်ကနေ ဖက်ထားကာ ရှောင်းကျန့်ပုခုံးထက် မေးစေ့လေးတင်ထားသည်။

"ရပြီစားတော့"

"ဟုတ်ကဲ့ကောင်းကောင်းစားပါ့မယ်"

"ဘယ်လိုနေလဲ"

"ကျွန်တော်စားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ။ ကိုကို့အချစ်တွေနဲ့မို့ ထင်တယ်"

"အပိုတွေမပြောစမ်းပါနဲ့"

တကယ်ပါ ချစ်ရသူနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းစားရသည့် မနက်စာက နတ်သုဒ္ဓါထက် အရသာရှိလှသည်ပင်။

"ကျွန်​တော်သွားတော့မယ်ကိုကို...."

ရိပေါ်က ယူနီဖောင်းအပြည့်အစုံနှင့် သွားခါနီးဟင်းချက်နေသည့် ရှောင်းကျန့်ကို နှုတ်ဆက်သွားသည်။ ရှောင်းကျန့်က ခေါင်းလေးညိတ်ပြတော့ ရိပေါ်က ရှောင်းကျန့် နဖူးလေးကို ​ခြေဖျားထောက်ကာ ရွှတ်ကနဲ နမ်းသွားသည်။

ရိပေါ် ထွက်သွားသည်နှင့် ရှောင်းကျန့် နံပါတ်တစ်ခုကို နှိပ်ကာဖုန်းခေါ်လိုက်သည်။

Saviors of the OmegaverseOnde histórias criam vida. Descubra agora