Part (30)

5.8K 702 42
                                    

Unicode

"သားက Omega ကောင်လေးလား"

"အားရီ ကျွန်တော့်ကို သိတာလား"

"ဒါပေါ့ သားငယ်လေးက မင်းအကြောင်း တဖွဖွပြောတာလေ။ သူ့ကိုကိုက အရမ်းလှပြီး အရမ်းလဲ စွမ်းအားကြီးတယ်တဲ့"

"သူက အဲ့လိုပြောတာလား"

ရှောင်းကျန့် ရှက်ရယ်ရယ်နေလိုက်သည်။

"ဒါနဲ့လေ ဒီကိုလာခါနီး သားတို့ ရန်ဖြစ်ထားကြတာလား"

"မဖြစ်ပါဘူး အားရီ"

"ဟုတ်လား မသိပါဘူးကွယ် အားရီကြည့်ရတာ သားငယ်လေးက မင်းနဲ့ ခပ်စိမ်းစိမ်းဖြစ်နေသလားလို့"

"အားရီထင်လို့ပါ"

"အေးအေး အဲ့လိုပဲဖြစ်မှာပါကွယ်....သား သွားနားချည်လေ"

"ဟုတ်ကဲ့ ကောင်းသောညပါ အားရီ"

ရှောင်းကျန့် ဝမ်မားမားနှင့် စကားပြောပြီးနောက် ရိပေါ် အခန်းထဲ ဝင်လာလိုက်သည်။ ရိပေါ်ကတော့ ကုတင်ပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေပြီဖြစ်သည်။ ရှောင်းကျန့်လဲ ကုတင်ပေါ်တက်လိုက်ကာ ရိပေါ် နဖူးပေါ်မှ ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်သည်။

"ကလေး.....မင်းဘာဖြစ်နေလဲ ကိုကို နားမလည်ဘူး။ ဒါပေမဲ့ ကိုကို မင်းအနားမှာ ရှိနေမှာပါ......."

အသက်ရှူမှန်မှန်နှင့် အိပ်ပျော်နေပြီဖြစ်သည့် ရိပေါ်နဖူးထက် အနမ်းတစ်ပွင့် စွန့်ကြဲလိုက်သည်။

"အင်း.....ဟင်း"

"ရိပေါ် ဘာဖြစ်လို့လဲ"

"ချမ်းတယ်......ကိုကို....ကျွန်တော်ချမ်းတယ်"

ရှောင်းကျန့် ရိပေါ်ကိုယ်ကို စမ်းကြည့်တော့ ရေခဲတမျှအေးစက်နေသည်မို့ စောင်တွေအထပ်ထပ်ထခြုံပေးလိုက်သည်။

"ရိပေါ်......ချမ်းသေးလား"

ရိပေါ်ထံမှ ပြန်ဖြေသံမကြားတော့ဘဲ အသက်ရှူသံလေးသာ ပြန်ထွက်လာသည်မို့ ရှောင်းကျန့်စိတ်ချသွားရသည်။
_____________________
"ကော......ကျန့်ကော....."

မိုးလင်းတော့ ရှောင်းကျန့် သူ့ကို ခေါ်နှိုးနေသည်​့ ရိပေါ်ကြောင့် နိုးလာရသည်။

Saviors of the OmegaverseDonde viven las historias. Descúbrelo ahora