21 / Unicode

421 69 12
                                    

[တစ်ညတာ ခိုအောင်းခွင့်]

တစ်နှစ်၊ တစ်နှစ်ဆိုတဲ့အချိန်ကာလကြီးမှာ ပြောင်းလဲမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်တစ်ယောက်ကိုတစ်ယောက် ဖုံးကွယ်မှုတွေနဲ့နေနေခဲ့ကြတာ။

Christinaနဲ့ Ryanနဲ့ ဆက်ဆံရေးဟာလည်း ပြတ်စဲသွားတာမျိုးမဟုတ်တောင် ရေခဲပြင်လိုအေးခဲနေပြီ။

ဒီကြားထဲ သက်တန့်ကRyanခွင့်မလွှတ်နိုင်လောက်တဲ့ အမှားတစ်ခုကို မှားနေမှန်းသိရက်နဲ့လုပ်နေခဲ့တယ်။ Ryanမရှိတဲ့အချိန်တွေတော်တော်များများမှာ Sam က အိမ်ကိုအလာစိတ်တယ်။ Sam နဲ့သူ့ကြား အတိုင်းအတာလေးတစ်ခုရောက်တဲ့အထိရင်းနှီးနေပြီ။ ဒုတိယအကြိမ်​တွေ့ဆုံခြင်းမည်တဲ့ Sam တစ်ယောက်အိမ်ကိုလာတုန်းကတည်းက​နေ သက်တန့်ရဲ့စိတ်အာရုံတွေအားလုံးကို Sam က ငြို့ငင်ပြီးသာဖြစ်နေခဲ့ပြီ။ သက်တန့်ရဲ့ပျောက်ဆုံးနေတဲ့ဝါသနာက Sam နဲ့မှ ထိတွေ့ခွင့်ရတော့မယ်လို့မစဉ်းစားဖူးပါဘူး။

မျက်နှာအစိတ်အပိုင်းတွေကို ပန်းချီကားတစ်ချပ်လိုလှပအောင် ခြယ်သနိုင်တဲ့ပညာရပ်ကို သက်တန့်ကစိတ်ဝင်စားနေမိပြီ။ ဘုရားရေ...အဲဒီလူကမုန်းပါတယ်လို့အတန်တန်ပြောထားရပ်နဲ့ သူဘယ်လိုတောင်ရဲတင်းနေမိတာလဲ။

ပိုက်ဆံလေးစုမိဆောင်းမိဖြစ်လာတာနဲ့ တက်နိုင်သလောက် Cosmetic ပစ္စည်းလေးတွေဝယ်စုထားတယ်။ သူ့အတွက်ဒီလမ်းကိုလျှောက်ဖို့ Sam က တိတ်တိတ်ကလေးကူညီမယ်လို့ကတိပေးပြီးသားပါ။ Samက Ryanကိုပြန်မ​ပြောဘူးဆိုတာလည်း သူယုံကြည်ထားတယ်။ အမှန်တရားဆိုတာ ကြာကြာသိမ်းထားလို့မရတဲ့အရာမှန်း သက်တန့်မေ့နေခဲ့ပါတယ်။

ယမာကာအနံ့တွေလှိုင်နေတဲ့Ryanက အိမ်ထဲကို ဒယိမ်းဒယိုင်ဝင်လာတယ်။ လက်ထဲမှာသောက်လက်စ သံဘူးတစ်ဘူးပါတယ်။ အပြင်ကရာသီဥတုဟာ ထုံးစမ်းအတိုင်းအေးခဲနေပေမယ့် အိမ်ထဲမှာပူလောင်မှုအငွေ့အသက်တွေနဲ့။ Ryan ရဲ့ ရဲရဲနီနေတဲ့မျက်လုံးတွေကို သက်တန့်မကြည့်ရဲဘူး။

"မင်းဘာတွေလုပ်နေခဲ့တာလဲ Third"

သက်တန့်မဖြေနိုင်၊ အားစေးမိနေတယ်။ ဘယ်တုန်းကတည်းက ရိပ်မိနေမှန်းမသိဘူး။ Ryan က သူသေသေချာချာဝှက်သိမ်းထားခဲ့တဲ့ စာအုပ်စင်အံဆွဲထဲက မိတ်ကပ်ပစ္စည်းတွေကိုဆွဲထုတ်တယ်။ ပိုက်ဆံတွေစုပြီးဝယ်ထားခဲ့တဲ့ပစ္စည်းတွေက ကျိုးပဲ့အပ်ကွဲကုန်ပြီ။ ကြမ်းပြင်ပေါ်မှာရောင်စုံအမှုန့်တွေပြန့်ကျဲလို့ရယ်။

Be My Chlorophyll [completed]Where stories live. Discover now