11 / Unicode

509 84 9
                                    

[i think i'm crazy]

"ရှင်ဘယ်အချိန်ထမှာလဲ"

Christina က ကုတင်ပေါ်ပိုးလိုးပက်လက်အိပ်ပျော်နေသေးတဲ့ Ryan ကို စောင်တွေခေါက်နေရင်းတစ်ချက်လှမ်းအော်တယ်။ နေရောင်ခြည်ကလိုက်ကာစတွေကြားကနေ Ryan ရဲ့မျက်နှာတည့်တည့်ကိုထိုးကျနေပြီ။ ညကမူးအောင်သောက်လာတဲ့အရှိန်နဲ့ခေါင်းထဲကတရိပ်ရိပ်ထိုးနေတယ်။ Ryan က နိုးနေပြီ။ ဒါပေမဲ့ တူနဲ့ထုထားခံရသလို ကိုက်ခဲနေတဲ့ခေါင်းကြောင့် သူချက်ချင်းထလို့မဖြစ်ဘူးဆိုတာသိတယ်။

သောက်ကြရအောင်လို့ချိန်းဆိုလာတာ Christina ဘက်ကဖြစ်ပေမယ့် တကယ်တမ်း Ryan ကပဲ မှောက်သွားတဲ့အထိသောက်ခဲ့တယ်။ အရပ်ကလန်ကလားနဲ့ယောကျ်ားခန္ဓာကိုယ်ကြီးကို မနိုင်မနင်းသယ်ရင်း Ryan ရဲ့အိမ်ထိ သူမအရောက်ပို့ပေးပြီးတဲ့အချိန်မှာ တော်တော်လေးမှောင်မိုက်နေပြီ။ သူမလည်း ရီဝေနေတဲ့အရှိန်နဲ့ခြေလှမ်းတွေကသိပ်မမှန်တော့တာကြောင့် Ryan ရဲ့ကုတင်တဖက်ခြမ်းမှာပဲ အတူကပ်အိပ်ဖြစ်တယ်။

ချစ်သူရည်းစားနှစ်ယောက်အတူအိပ်ကြတယ်ဆိုတာ သမာရိုးကျပါပဲ။ လူမမြင်ကွယ်ရာမှာစည်းဘောင်ကျော်တာမျိုးတွေ ဖြစ်လာနိုင်တာတောင်မှ သူတို့နိုင်ငံမှာဒီလိုပဲလေ။

မျက်နှာတည့်တည့်ကိုတအားထိုးနေတဲ့နေရောင်ကြောင့် Ryan ဆက်အိပ်လို့လည်းမရတော့ဘူး။ အိပ်ရာပေါ်ကနေကုန်းထတယ်။ မီးဖိုးခန်းထဲက ဂလုံထနေတဲ့အသံတွေပြန်ကြားရတာနဲ့ သူ့မျက်လုံးတွေပြူးကျယ်ကုန်တယ်။ ခေါင်းကိုက်ဝေဒနာကိုတောင်မေ့ပြီး မီးဖိုခန်းကိုသူပြေးတယ်။ သူမျက်နှာဟာပြုံးနေလားပျော်နေလားဆိုတာ သူကိုယ်တိုင်လည်းမသိတော့ဘူး။

"Chris!!!"

သူက အသံကျယ်ကျယ်နဲ့အော်လိုက်မိတယ်။ ကြမ်းပြင်ပေါ်မှောက်ကျနေတဲ့ခေါက်ဆွဲပြုတ်အိုးက အငွေ့တွေတထောင်းထောင်းနဲ့။ အပူလောင်သွားတဲ့Christina က သူမရဲ့လက်ကိုဘေစင်မှာရေဆေးနေတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲကလိုမျိုး Ryan ကလည်း သူမအနားကိုအပြေးလေးမသွားဘူး။ စိတ်ပူတယ်ဆိုတာမျိုးလည်းရင်ထဲကနေဖြစ်မလာဘူး။ သူမ ကလည်း မျက်နှာငယ်လေးနဲ့ချွဲနွဲ့ငိုယိုနေမဲ့ မိန်းကလေးမျိုးမဟုတ်ဘူးလေ။

Be My Chlorophyll [completed]Where stories live. Discover now