15 / Unicode

462 81 19
                                    

[i'm not gay, i just love him]

သူ့မျက်နှာဟာလုံးဝကြီးပျက်ယွင်းနေမယ်ဆိုတာသူသိတယ်။ ဒါပေမဲ့ငယ်သေးတဲ့အသက်အရွယ်ကြောင့် ဟန်ဆောင်မျက်နှာဖုံးတစ်ခု လွယ်လွယ်နဲ့မတပ်နိုင်သေးဘူး။ အရှေ့မှာထိုင်နေတဲ့joeကိုလည်း မျက်နှာပူနေတယ်။ ဆိုင်မှာလူကျနေတာနဲ့ကွက်တိပဲ။ မြင်တွေ့ခဲ့ရတဲ့ထိတ်လန့်စရာအဖြစ်အပျက်နဲ့ပတ်သတ်ပြီး သူjoeကို ဘယ်ကစလို့စကားပြောရမှန်းမသိတော့ဘူးဆိုတာထပ် စကားပြောချင်စိတ်ပျောက်သွားတာ။ ခေါင်းငိုက်စိုက်ချထိုင်နေတဲ့သူ့ကိုjoeက သေချာကြည့်နေတယ်။ နောက်ပြီးနှစ်ယောက်ကြားရုံလေသံနဲ့မေးတယ်။

"မင်းအရမ်းလန့်သွားခဲ့တာလား"

ဒီကိစ္စကြီးကိုပုံမှန်လေသံနဲ့မေးနိုင်တာ သူအံ့သြမိပါတယ်။ ယောကျ်ားနှစ်ယောက် ပွေ့ဖက်နမ်းရှုံ့နေကြတဲ့ ပုံမှန်မဟုတ်တဲ့မြင်ကွင်းတစ်ခုကိုသက်တန့်ဘဝမှာ ပထမဆုံးမြင်ဖူးခြင်းပဲလေ။ joe ဆီလာနေကျလူတစ်ယောက်ရဲ့ရင်ခွင်ထဲ joe က ပျော့ဖက်ဖက်ကလေးဖြစ်နေတယ်။ အသက်ရှူသံပြင်းပြင်းတွေကြားကနေ ကြားလိုက်ရတဲ့joeရဲ့ရယ်သံဟာ piano သံလို ငြိမ့်ညောင်းတယ်ဆိုတာကိုတော့ ဝန်ခံတယ်။

အရယ်အပြုံးနည်းတယ်။ ခပ်တည်တည်နေပြီးစကားနည်းလွန်းတဲ့သူ့ရဲ့ဆိုင်ရှင်joe က အဲဒီယောက်ျားတစ်ယောက်နဲ့အတူရှိနေချိန်ဆို အခြားလူတစ်ယောက်လိုပြောင်းလဲသွားတယ်။ သွားစွယ်တွေဖုံးကွယ်မရအောင်စက္ကန့်မလပ်ရယ်နေတာတွေ။ သူဟာဒီလူနှစ်ယောက်ကိုမိတ်ဆွေလို့ပဲထင်ခဲ့ပြီး မရိုးမသားမမြင်နိုင်ခဲ့ဘူး။ joeရောအဲဒီလူရောမှာ မိန်းမဆန်ဆန်နွဲ့နေတာဘယ်သူမှမရှိပါဘဲနဲ့ ဘယ်လိုတွေလဲ။

"Joe က ဂေးလား"

သက်တန့်အရဲစွန့်ပြီးမေးလိုက်တော့ joe က ရယ်ပဲရယ်နေတယ်။ ကြောင်မျက်လုံးတွေနဲ့သူ့ကိုရီဝေဝေပြန်ကြည့်ပြီး ဘာမှန်းမသိတဲ့သဲလွန်စတွေကိုထုတ်ပြနေပေမယ့် သူလိုက်မမှီဘူး။ ဒီနိုင်ငံမှာဒီလိုပဲလား။ ယောကျ်ားအချင်းချင်းတွဲကြတာပဲလား။ ဒါကိုအမြင်မတော်မဖြစ်ကြဘူးလားဆိုတဲ့မေးခွန်းတွေအတွက် ဂေးတွေကိုမုန်းပါတယ်ဆိုတဲ့Ryanရဲ့စကားကို နားထဲပြန်ကြားယောင်နေတယ်။

Be My Chlorophyll [completed]Where stories live. Discover now