25 / Unicode

454 70 14
                                    

[Truth]

ရေခဲငွေ့သီးနေတဲ့ ဘီယာသံဘူးကိုယ်စီနဲ့ ပြာရီရီကောင်းကင်ကြီးကိုအတူငေးတယ်။ မတူညီတဲ့အရောင်စုံတွေရောယှက်နေတော့ ဖြတ်ခနဲကြည့်ရင်အပြာ၊ စေ့စေ့ကြည့်လိုက်ရင်ဝါနေသလိုထင်ရပေမယ့် တကယ်တော့ခရမ်းရောင်သမ်းနေတဲ့ကောင်းကင်ကြီးပဲ။

လက်ကြားညှပ်ထားတဲ့ဆေးလိပ်တိုက ပြာစတွေကို လက်နဲ့တောက်ချလိုက်တယ်။ ပိတ်ရက်တွေမှာအိမ်ကပ်လွန်းနေတဲ့ Ryan ကို ခက်ခက်ခဲခဲခေါ်ထုတ်ထားရတာ။ အထူးသဖြင့် ဒီနေ့လို့ Sam ဆိုတဲ့သူ့ညီလေး အိမ်ရောက်နေတဲ့နေ့မျိုးဆို လူကသာ Christina နဲ့အတူရှိနေပြီး စိတ်ဝိဉာဉ်ကအိမ်မှာနေရစ်ခဲ့တယ်။

မျက်နှာချင်းဆိုင်လိုက်တိုင်း Christina နဲ့ Ryan ကတောက်ကဆဖြစ်လာဖို့ အကြောင်းတရားတွေသိပ်များတယ်။ အခုလည်းကြည့်၊ သူကမေးမိနေပြန်ပြီ။ Ryan မဖြေချင်တဲ့မေးခွန်းတွေနဲ့ လည်ပင်းအစ်စေမိပြန်ပြီ။

"ဒီတောအတွင်း ကိုယ့်ကိုဒါတွေကြီးပဲမေးနေဖို့ စိတ်အားထက်သန်လွန်းနေပါလား Chris"

ဒါမှမဟုတ်ရင်ပြောစရာမရှိတော့တဲ့အတိုင်း Christina က သူ့ကိုမြင်ရင် စိမ်းသက်သက်ကြည့်တယ်။

"ရှင်သိလား ကျွန်မ သိပ်ခက်ခဲတဲ့အမှုတစ်ခုကိုလိုက်နေတာ၊ ကျွန်မအမှုသည်က သိပ်ခေါင်းမာတာ"

Ryan ဟက်ခနဲ အက်ရှရှရယ်လိုက်မိတော့ သူမက ပြုံးရုံပြုံးတယ်။ သောက်နေကျalcoholတွေတောင် ပိုခါးလို့နေတယ်။ အိပ်တန်းပြန်နေတဲ့ငှက်တွေက မျက်စိရှုပ်စရာ။ အနီးအနားမှာ ကလေးတစ်အုပ် စကိတ်စီးနေကြတာမို့နည်းနည်းဆူညံတယ်။

"မင်းတို့သတ်မှတ်ထားတဲ့ လူလူချင်းမခွဲခြားဘူးဆိုတာ ဘာလည်းတော့ငါသိပ်မသိဘူး၊ ငါကိုယ်တိုင်က အဲဒီအဖွဲ့အစည်းကိုအားမပေးမှုနဲ့လူလူချင်းခွဲခြားခံထားရတာ၊ ဘာလို့လဲ? လူတိုင်းမှာကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲလေ၊ သားသတ်လွတ်စားနေတဲ့လူတစ်ယောက်ကို အာဟာရဖြစ်အောင်ဆိုပြီးအသားအတင်းကျွေးဖို့တောင် ငါ့လိုဆရာဝန်မှာတာဝန်မရှိဘူး၊ မင်းကမင်း ငါကငါ၊ လူတိုင်းကတူညီနေကြတာမဟုတ်ဘူး"

Be My Chlorophyll [completed]Where stories live. Discover now