9 / Unicode

485 87 8
                                    

[နောင်တ]

အသင့်လုပ်အစားအစာတွေကိုစားရင်း တစ်ရက်နှစ်ရက်နဲ့ပြန်အဆင်ပြေလာပြီ။ ကောင်လေးကိုလည်း Ryan က မေ့မေ့ပျောက်ပျောက်ဖြစ်နေပြီ။ မူးမူးနဲ့ဖုန်းနံပါတ်ချင်းလဲဖြစ်ခဲ့တာမို့ Christina နဲ့အဆက်အသွယ်ရှိလာတယ်။ အလုပ်ပြန်ချိန်တွေမှာ ကော်ဖီဆိုင်လေးအတူထိုင်ရင်းပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ ၃နှစ်က သမီးရည်းစားဘဝကိုအလည်ပြန်ရောက်သွားတယ်။

အလုပ်ပိတ်ရက်တွေဆိုChristina က သူ့အိမ်လိုက်လာတယ်။ မီးဖိုခန်းကိုအပိုင်စီးပြီးချက်ပြုတ်ကျွေးမွေးမယ်ပြောလာရင်တော့ Ryan တားမိတယ်။ မြန်မာအရသာတွေတော်တော်များများ စားလာခဲ့ပြီးတဲ့သူက အနောက်တိုင်းဟင်းတွေကိုသိပ်ခံတွင်းမတွေ့တော့ဘူး။ ပျို့အန်တဲ့အထိဖြစ်နေပြီ။ ဒါကြောင့်လည်း ကျန်းမာရေးနဲ့မညီညွတ်တဲ့snackအခြောက်တွေကို ရေနွေးဖျောစားရင်း နေ့တိုင်းဗိုက်ဖြည့်နေရတော့တယ်။ အိမ်မှာအရက်သောက်ရတာစိတ်မလုံဘူး။ အသက်မပြည့်သေးတဲ့ကလေးတစ်ယောက် အိမ်မှာရှိနေတုန်းပဲလို့ Ryan က စိတ်ဆွဲနေတယ်။

အဲ့ညကမူးမူးနဲ့သောင်းကျန်းတဲ့အကြောင်း Christina ကိုပြောပြဖြစ်တော့ Ryan က လူယုတ်မာကြီးလိုအကြည့်ခံရတယ်။ နောက်ဆက်တွဲက သူစိမ်းဘက်ကနာပေးတဲ့ Christina နဲ့ စကားများကြပြန်ရော။ Ryan က သူ့ကိုယ်သူမှားတယ်လို့ ဘယ်တော့မှမတွေးတဲ့လူစားမျိုးဆိုတာ Christina သိတယ်။

တကယ်တော့ Ryan မမှားဘူးဆိုတာမဟုတ်ဘူးလား။ လမ်းမှာဒုက္ခရောက်နေတဲ့ကလေးတစ်ယောက်ကိုကယ်ခဲ့တယ်။ အဲဒီကလေးကိုလနဲ့ချီအိမ်မှာခေါ်တင်ထားတာနဲ့တင် Ryan က တော်တော်လေးမှန်နေပြီလို့ကိုယ့်ကိုယ်ကိုထင်တယ်။ ဒါဆို Christina ရဲ့ပြစ်တင်ပြောဆိုမှုတွေကနားမဝင်တာ ဘယ်ကစမှားနေလဲဆိုတဲ့အဖြေရှာနေမိလို့ပဲ။

"အဆုံးထိမကယ်တင်နိုင်ရင် အစထဲကလစ်လျူရှုထားသင့်တာပေါ့၊ ဒါဆိုရှင့်ထပ်ကောင်းတဲ့လူနဲ့တွေ့ရင်တွေ့လိမ်မယ်"

"ကိုယ်တက်နိုင်သလောက်ကူညီပေးခဲ့ပြီးပြီလေ၊ ဘယ်အချိန်ထိခေါ်ထားရမှာလဲ၊ သူလည်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားသင့်နေပြီ"

Be My Chlorophyll [completed]Where stories live. Discover now