24 / Unicode

422 70 21
                                    

[Surprise gift for my derders]

Age limited warning!

ပါးပြင်ပေါ်က မုတ်ဆိတ်မွှေးအတိုအထွာတွေနဲ့ လည်တိုင်နုနုကိုဖိပွတ်တော့ ကလေးလေးတစ်ယောက်လိုပဲ သက်တန့်ရယ်နေတယ်။ နေရောင်ခြည်အလင်းတန်းလေးက ပြတင်းပေါက်ကနေတဆင့် တစ်ယောက်အိပ်ကုတင်လေးပေါ်က Ryanတို့နှစ်ယောက်ကြားကိုတိုးဝင်နေတာ။

"ဆံပင်တွေတောင်ရှည်နေပြီပဲ Third"

ဂုတ်ထောက်နေပြီဖြစ်တဲ့ ဆံပင်အနက်ရောင်တွေကို ကိုင်ကြည့်ရင်းနဲ့ Ryanက နှစ်ကိုယ်ကြားကပ်ပြောတယ်။ မျက်နှာပေါ်အုပ်ကျတော့မဲ့ဆံနွယ်အစတွေကို နားကြားထဲထိုးသိမ်းပေးရင်း Ryanရဲ့လက်ချောင်းတွေက သက်တန့်ပိုင်ရာ Adam's apple ဆီ။ နှုတ်ခမ်းပါးနဲ့ စက္ကန့်ပိုင်းလောက်ဖိကပ်လိုက်တော့ သက်တန့်ရဲ့ကျောရိုးတွေ ဆန့်ကုန်တယ်။

လည်တိုင်ကျော့ကျော့ကိုနမ်းရှိုက်နေခြင်းမှာ တဏှာအင်အားရယ်လို့မပါဘဲ နူးနူးညံ့ညံ့ကလေး။ ပြေးလွှားနေတဲ့နှုတ်ခမ်းပါးတွေ အကျႌလွတ်နေတဲ့ပခုံးသားပေါ်ရောက်လာတော့မှပဲ သက်တန့်ရုန်းကန်မိတော့တယ်။

"ဦး ဦးငယ်"

အကျႌမကပ်တဲ့ ရင်ဘတ်ဗလာကြီးကို မရဲတရဲတွန်းထုတ်တော့ Ryan ဆီကနေ အ့ခနဲအသံထွက်လာတယ်။ တအားနာသွားတဲ့အတိုင်း မျက်လုံးတွေကိုပါမှိတ်ထားပြီး သက်တန့်တွန်းလိုက်မိတဲ့ ဘယ်ဘက်ရင်အုံကို လက်နဲ့ဖိကိုင်ထားတယ်။

"ဟင် ဖြည်းဖြည်းလေးတွန်းလိုက်တာ၊ နာသွားလို့လား"

မှိတ်ထားတဲ့မျက်လုံးတွေကို ခပ်ဖြည်းဖြည်းဖွင့်ကြည့်ရင်း ဇက်ကြီးလန်ကျသွားတဲ့အထိ Ryan ရယ်နေတယ်။ မနာသွားတာလည်းသိတယ်။ စနောက်နေတယ်ဆိုတာလည်း သက်တန့်သိတယ်။ တကယ်ပဲ Ryan က သူ့စိတ်လှုပ်ရှားမှုကို ဖမ်းဆုပ်ထားတာပဲ။

Ryan ရဲ့မျက်နှာတည့်တည့်ပေါ် ထိုးကျနေတဲ့နေရောင်ခြည်ကို သက်တန့် မနာလိုပါ။ Ryan ရဲ့မျက်ဝန်းတွေက သိပ်ညိုတယ်။ မေးထောက်လို့ သူ့ကိုစိုက်ကြည့်နေတဲ့ Ryanကို သူကမျက်လုံးထောင့်ကနေခိုးခိုးကြည့်နေရတာရယ်။

"ဦးငယ် ဘယ်လိုဖြစ်နေတာလဲ"

"အင်း လှတယ်"

Be My Chlorophyll [completed]Where stories live. Discover now