6 / Unicode

583 88 15
                                    

[Time to say good bye]

ထောပတ်နံ့ရောနေတဲ့ Sausage အနံ့ခပ်ပြင်းပြင်းကြောင့် Ryan က နိုးလာတယ်။ ကျောခင်းထားရတဲ့နေရာက အောင့်နေတာကြောင့်သူအိပ်နေကျနေရာမဟုတ်တာကို သတိထားမိလိုက်တယ်။ ကြမ်းပြင်ကြီးပေါ်မှာ မြေပဲလုံးတွေကပြန့်ကျဲလို့။ ညကအဖြစ်အပျက်တွေကိုစဉ်းစားကြည့်တော့ မလန်းဆန်းတဲ့ဦးနှောက်ကိုအလုပ်သိပ်ပေးမရဘူး။ Ryanက ခေါင်းတွေထိုးကိုက်လာတာမို့ နားထင်ကိုလက်နဲ့ဖိတယ်။

မီးဖိုးခန်းထဲကတစ်စုံတစ်ယောက်ဟာ Ryan ရဲ့အိပ်ယာထချိန်ပုံမှန်ဖြစ်ဖို့အရေးကို အညှော်တိုက်ပြီးနှိုးဟန်တူပါတယ်။ နက်ပြာရောင်apronနဲ့ ချာတိတ်ရဲ့အပြုံးတွေကလန်းလန်းဆန်းဆန်းနဲ့။ မျက်နှာသစ်၊ သွားတိုက်ပြီးRyan မီးဖိုးချောင်ထဲပြန်ရောက်လာတာတောင်မှ ချာတိတ်ရဲ့အပြုံးတွေမသေသေးဘူး။ ပုံမှန်မဟုတ်တဲ့အခြေအနေကြောင့် Ryan က ခပ်တန်းတန်းဖြစ်သွားတယ်။ မနေ့ညကသူရယ်စရာတွေများလုပ်မိခဲ့သေးလား။

"မနေ့ညက ငါဘာဖြစ်နေခဲ့တာလဲ"

Sausage တွေနဲ့အလှဆင်ထားတဲ့ ထမင်းကြော်ပန်းကန်ပူပူက  စားပွဲပေါ်ရောက်လာတယ်။ ချာတိတ်က အေပရွန်အပြာရောင်ကိုချွတ်တယ်။ နောက်ပြီးမျက်နှာချင်းဆိုင်မှာဝင်ထိုင်တယ်။ Ryan ကတော့ အရသာရှိတဲ့ထမင်းကြော်ပူပူကိုအားရပါးရလွေးနေပြီ။

"သားကို အလုပ်တစ်ခုက အင်တာဗျူးခေါ်တယ်"

"Congratulations" ဆိုပြီး ထမင်းတွေပလုတ်ပလောင်းနဲ့ ဝိုးတဝါးပြောလာတယ်။ သူ့ပန်းကန်ကခုထိ ကိုင်တောင်မကိုင်ရသေးဘူး။ သူက Ryan ကို စိုက်ကြည့်တယ်။ အမှတ်တမဲ့အကြည့်ချင်းဆုံသွားတဲ့အချိန်မှာ Ryan ကလည်း ကြောင်အအနဲ့ဘာပြောရမှန်းမသိတော့ဘူး။

"အသည်းကွဲလာတာလား ညက"

Ryan ရဲ့မျက်နှာကရဲခနဲပဲ။ စားပွဲပေါ်တင်ထားတဲ့ရေခွက်ကို ဝမ်းရှော့ မော့ချတဲ့အခါရေစက်တွေကအကျႌပေါ်အဖိတ်အဖိတ်အစင်စင်။ နောက်ပြီး နည်းနည်းသီးသွားတာမို့ချောင်းဟန့်တယ်။

"သူမက ရည်းစားဟောင်း၊ ဒါပေမဲ့မနေ့ညကငါတို့အရင်လိုပြန်ဆုံဖြစ်သွားတယ်"

Be My Chlorophyll [completed]Where stories live. Discover now