Chapter - 1

24.2K 1.2K 180
                                    

တချို့သောအရာတွေက ရှိမြဲတိုင်းရှိနေတာထက် အပစ်ပယ်ခံ အစွန့်ပစ်ခံ ဖြစ်သွားတဲ့အခါ ပိုပြီးတော့ လှပလာလေ့ရှိတယ်။

ဥပမာတစ်ခုထက်ပိုပြီး လက်တွေ့ကျတဲ့ ဥပမာတစ်ခုကို စဉ်းစားမိတဲ့အခါ သစ်ပင်တစ်ပင်ကို ပြေးမြင်မိတာပဲ။ သစ်ပင်တစ်ပင် လှပဖို့အတွက် အကိုင်းအခက်တွေနဲ့ သစ်ရွက်တွေက မရှိမဖြစ် အရေးကြီးသလို ထိုသစ်ပင်ရဲ့အလုံးစုံသော လှပပြည့်စုံမှုတွေဟာ မြေပြင်ပေါ်က ရွက်ကြွေတွေကြောင့်လို့ လီဆာ ထင်မိတယ်။ သစ်ပင်ထက်မှာသဘာဝအတိုင်းရှိနေတဲ့ သစ်ရွက်တွေထပ် မြေပြင်ပေါ်ကြွေကျကာ အဝါရောင်သန်းနေတဲ့ ရွက်ကြွေတွေကို လီဆာ ပိုပြီးသဘောတွေ့တယ်။

တချို့သော ရွက်ကြွေတွေရဲ့ လှပခြင်းဟာ ဘယ်လိုအရာတွေနဲ့မှ နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ ယခုလက်ရှိ ဘေးပတ်ဝန်းကျင်က ရွက်ကြွေတွေကိုကြည့်ပြီး လီဆာ စိတ်တွေသိပ်ပျော်နေသလိုပေါ့။

နွေဦးအစမို့ ရွက်ဟောင်းတွေဟာ လမ်းမတစ်လျောက် အစီအရီ။ ဒီမြင်ကွင်းကိုကြည့်ရဖို့အတွက် ဆောင်းတွင်း တစ်တွင်းလုံးကို စိတ်မပါပဲ ဖြတ်သန်းခဲ့ရတာ။ အအေးဓာတ် အနည်းငယ်ကျန်ရှိနေသေးတာမို့ ဝတ်ဆင်ထားတဲ့ Long Coat အင်္ကျီခဲရောင်ရဲ့ အိတ်ကပ်ထဲကို လက်နှစ်ဖက်လျှိုထည့်ပြီး ပုခုံးတွေကို ကျုံ့လိုက်မိတယ်။ လမ်းလျှောက်နေသည့်အလျောက် တိုးဝှေ့လာတဲ့ လေတွေဟာ အေးစက်စက်။

လီဆာသည်လည်းဘဲ အေးတိအေးစက်ဆန်ပြီး အပြုံးအရယ်သိပ်နည်းတဲ့ မိန်းမတစ်ယောက်ပါပဲ။ အထူးတလည်ပျော်ရွင်စရာတွေမရှိတဲ့သူ့အနေနဲ့ ဒီလောကမှာ ခင်တွယ်စရာဆိုလို့ လုလီဆိုတဲ့ ကြောင်မလေးတစ်ကောင်ပဲရှိတာ။

လုလီကို အစာကျွေးပြီး လမ်းလျှောက် ထွက်နေလိုက်တာ တစ်နာရီနီးပါးခန့်ရှိပြီ။ ထူးဆန်းစွာနဲ့ ခြေထောက်တွေ ညောင်းမနေခဲ့ဘူး။

ပြီးတော့ ...
လီဆာက စာဖတ်ရတာ သဘောတွေ့တယ်။ သူ မဖတ်ဖူးတဲ့ စာအုပ်ဆိုတာမရှိသလောက်ရှားတယ်။ အခုလဲ လမ်းဘေး ပက်လက်ဖောင်းပေါ် လမ်းလျှောက်နေရင်း လွန်ခဲ့တဲ့ ၆ရက်လောက်က ဖတ်ဖြစ်ခဲ့တဲ့ ဝတ္တုအကြောင်း ခေါင်းထဲ တွေးဖြစ်နေပြန်တယ်။

If you stay (The women)Where stories live. Discover now