🌻

2.9K 354 72
                                    

၂၀၂၁၊ မေလ၊ ၂၃ ရက်နေ့ (Jenlisa day) မှာ Wattpad ထဲ တင်ပေးဖြစ်ခဲ့တဲ့ If you stay (The Women) လေးကတော့ Jenlisa day ဖြစ်တဲ့ ဒီနေ့လေးမှာပဲ အဆုံးသတ်သွားခဲ့ပါပြီနော်။ ဒီကြားထဲ ၁နှစ်နီးပါးလောက်ကို ပစ်ထားခဲ့မိတာ။ စာက ရေးနေမကျတော့ရင် နည်းနည်းလေး အလှမ်းဝေးသွားတာနဲ့ လှည့်ကို မကြည့်ချင်တော့တာမျိုးလေ။ if you stay က နောက်ဆုံးရေးတဲ့ fic ဖြစ်လိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ပိုင်းဖြတ်ခဲ့တဲ့အထိ စာရေးခြင်းကို စိတ်ကုန်ခဲ့ဖူးပါတယ်။ (မဆိုင်ပေမယ့်လည်း ပြောပြချင်ခဲ့လို့ပါ)

If you stay က plot twist တွေ သိပ်များလွန်းလို့ အပြီးသတ်နိုင်ပါ့မလားဆိုပြီး စိတ်ပူနေရင်းနဲ့ ခေါင်းခဲခဲ့ရတာလဲ အရမ်းပါပဲ။ ဂျဲန်းနီ ဝိဥာဉ်ဘဝနဲ့ ရှိနေပြီး ပျောက်ကွယ်သွားတဲ့ နောက်ပိုင်းမှာ အတော်ခေါင်းစားခဲ့ရတာ။ အစက အဲ့နားမှာတင် ဇာတ်သိမ်းပစ်ဖို့ထိ စဉ်းစားခဲ့တာလေ။ (စွကျင့်ယုတ်ပြီး SE လုပ်ဖို့ တွေးခဲ့တာ ဝန်ခံခဲ့ပါတယ်ရှင်) 🥹

အတူတူ ငိုလိုက် ယိုလိုက် လောင်လိုက်နဲ့ အမြဲတမ်းရှိနေပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ စာဖတ်သူတွေရဲ့ ထင်မြင်ချက်လေးတွေနဲ့ feedback လေးတွေလဲ ချန်ခဲ့ပေးလို့ရပါတယ်။ အားဆေးအနေနဲ့ပေါ့။ တော်ရုံဆို feedback တောင်းခဲပေမယ့် ဒီ fic လေးကို အရမ်းစိတ်နှစ်ခဲ့ရတော့လေ။ ကဲ ထပ်တွေ့ကြပါမယ်။ 💛🌻

November.23.2023

If you stay (The women)Where stories live. Discover now