Chapter - 39

2.7K 359 65
                                    

"လာလီဆာ့ကို အခုလိုမျိုး professional freelance photographer အနေနဲ့ မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားကြတော့ အဲ့အတွက်ရော ဘာများပြောချင်သေးလဲ"

"ကျွန်မကိုယ်တိုင်လဲ အတူတူပါပဲ။ ဒီလမ်းကိုရွေးမိလိမ့်လို့ ထင်မထားခဲ့တော့ အမှန်ပဲ။ ကျွန်မလိုသာမန် ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ အခုလိုခြေလှမ်းတွေ လှမ်းနိုင်တယ်ဆိုတာကလဲ ချယ်ယောင်းရဲ့ကျေးဇူးကြောင့်ပါပဲ။ သူ့ရဲ့လက်တွဲခေါ်မှုကြောင့် ကျွန်မအခုလို ရပ်တည်လာနိုင်တာ"

"ပတ်ခ်ချယ်ယောင်းအနေနဲ့ရော လာလီဆာ့အတွက် ဘာများပြောချင်သေးလဲ"

"လီဆာကိုယ်တိုင်က ဒီအလုပ်လုပ်ဖို့အတွက် မွေးရာပါ ထူးချွန်လာတဲ့လူတစ်ယောက်လိုပဲ။ မဟုတ်ရင် ကျွန်မဘက်က ဘယ်လောက်ပဲ လက်တွဲခေါ်ခေါ် ဒီလောက်ထိရောက်လာနိုင်မှာမဟုတ်ဘူးလေ။ အရည်အချင်းရှိတဲ့လူတစ်ယောက်အတွက် အခွင့်အရေးကောင်းတွေက ပေါ်လာစမြဲပါပဲ။ ရရှိလာတဲ့အခွင့်အရေးကို ဆုပ်ကိုင်နိုင်တာက လူတိုင်းလုပ်နိုင်တဲ့အလုပ်ဖြစ်ပြီး ရေရှည်အတွက် ကြိုးစားအားထုတ်မှုပိုင်းကတော့ လူတိုင်းမလုပ်နိုင်တဲ့အရာပေါ့။ နေရာတခုမှာ မြဲဖို့ဆိုတာ ထင်သလောက်မလွယ်ကူဘူးလေ။ တဆင့်ပြီးတဆင့်ထပ်တက်ဖို့ဆိုတာ ပိုလို့တောင် မလွယ်ကူသေးတယ်"

"ဘယ်လိုပဲဖြစ်ဖြစ် ချယ်ယောင်းရဲ့ကျေးဇူးကြောင့်ပါ။ အဲ့တာကိုတော့ လက်ခံပေးလေ"

လီဆာ့ရဲ့စကားကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးမိလျက်သား။

"ပရိတ်သတ်တွေ သိချင်နေတဲ့ နောက်ထပ်မေးခွန်းတခုက နှစ်ယောက်သားဆက်ဆံရေးကရော ဘယ်လိုများလဲမသိဘူး"

"ကျွန်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ မြင်တဲ့အတိုင်းပါပဲ။ ချယ်ယောင်းက ကျွန်မအတွက် အရင်းနှီးရဆုံးနဲ့ အယုံကြည်ရဆုံးသော မိတ်ဆွေတစ်ယောက်ပါ"

"တခါတလေ စိတ်ဆိုးစိတ်ကောက်ဖြစ်ခဲ့ရင် ရေခဲမုန့်ဝယ်ကျွေးလိုက်တာနဲ့ ပြန်ပြေလည်သွားကြတာကိုလည်း ထည့်ပြောဦးလေ လီဆာရဲ့"

"ဟုတ်ပါတယ် ကျွန်မတို့နှစ်ယောက် ခဏခဏလဲ ရန်ဖြစ်သလို စိတ်ပြေတာလဲ မြန်တယ်"

If you stay (The women)Where stories live. Discover now