Chapter - 20 // 80's 🌻

2.7K 434 44
                                    


၁၉၈၆ ခုနှစ်၊ဆောင်းရာသီ။

🌻

ပါရီမြို့ရှိ Montmartre ကုန်းမြင့်ဒေသသည် နှင်းများဖြင့် ပိတ်နေသည့်အလျောက် ထိုမြို့ငယ်၏ အလှတွေသည် နည်းနည်းလေးမှ မှေးမှိန်သွားခြင်းမရှိခဲ့ပေ။ ဘုရားကျောင်းကြီးရှိရာ ဒေသလေးဖြစ်တာမို့ အေးချမ်းစိတ်ငြိမ်မှုတွေဟာ စာဖွဲ့ပြစရာတောင် လိုနိုင်မည်မထင်။

ထိုကဲ့သို့သော အေးခဲမှုတွေကို အံ့တုပြီး အဝတ်အစား ဗလာနတ္တိဖြင့် ကုတင်ထက်၌ ရှိနေသည့် အမျိုးသမီးတစ်ဦးလည်း ရှိ၏။ ထို့နည်းတူ ပန်းချီစုတ်တံ ကိုင်ထားသည့် မိန်းမငယ်လေးသည် သူမ၏ ရေးခြစ်မှုအပေါ်သာ အာရုံရောက်နေပြီး ကုတင်ပေါ်က အသက်ရှူမှားစရာ လှပမှုကိုတော့ ခဏတာမျှ နှမြောတသဖြစ်ကာ လျစ်လျူရှုထားရပြန်သည်။

အချိန်အတော်ကြာသည့်အခါ အကြမ်းထည် ရုပ်လုံးပေါ်သွားပြီဖြစ်တဲ့ ပန်းချီကားကြောင့် ပရန်ပရီရွန် တချက်ပြုံးတော့ ကုတင်ပေါ်က အစ်မဟာ ရှက်သွေးတွေဖြာလာပြီး ခေါင်းငုံ့သွားတော့သည်။

"ညောင်းနေပြီလား အစ်မ"

"နည်းနည်း"

လက်ထဲက စုတ်တံကိုချကာ ကိုယ်ဟန်အနေအထား လှပစွာဖြင့် ရှိနေသည့် အစ်မနားသို့သွားနေစဉ် ပရီရွန်၏မျက်လုံးတွေသည် အစ်မရဲ့ အလှအပတွေဆီသာ အရိုင်းဆန်စွာဖြင့် စူးရဲစွာ ရောက်ရှိနေတော့သည်။ ထိုအခါ ရင်တွေ တုန်လာရသည်။ အစ်မဟာ တကယ်ကိုပင် မိန်းမချင်းတောင် ရူးသွားနိုင်လောက်သည်အထိ လှပလွန်းလှ၏။ ကုတင်ခြေရင်းနားက စောင်ကိုယူပြီး အစ်မကိုယ်ပေါ်ခြုံပေးလိုက်သည့်အခါ ပရီရွန်ရဲ့လက်တွေကို အစ်မက ဖမ်းကိုင်လာသည်။

"ဆွဲလို့မပြီးသေးဘူးမလား"

"နောက်နေ့မှ ဆက်ဆွဲမယ်။ အခု အစ်မ အေးနေပြီ"

"ပြီးအောင်ဆွဲပါ အရွန်ရဲ့။ အစ်မ အဆင်ပြေပါတယ်"

အစ်မရဲ့ဘေးနား ဝင်ထိုင်လိုက်ပြီး ရင်ဘတ်ပေါ် ချထားတဲ့ ဆံနွယ်နက်နက်လေးတွေကို ပရီရွန် ထိကိုင်လိုက်သည့်အခါ အစ်မရဲ့ ရင်သားနဲ့ ဖျက်ခနဲထိမိသွားတဲ့ လက်ကြောင့် တကိုယ်လုံး ကျင်တက်သွားရတော့သည်။ ထိုအခါ အလျှင်အမြန်ပင် လက်ကိုသိမ်းလိုက်ရ၏။

If you stay (The women)Where stories live. Discover now