Chapter - 37

2.8K 332 24
                                    

"ဆိုးလွန်းနေတဲ့ ဘေဘီလေးကို ဆုံးမမှရတော့မယ်"

ပွေ့ချီလိုက်သည့်အခါ လီဆာ့လည်တိုင်ကို ဖက်တွယ်လာတဲ့ လက်ကလေးတွေ။ ဘယ်လိုနည်းတွေနဲ့ ချုပ်နှောင်ရမလဲဆိုတာကို သိလွန်းနေတဲ့ ဘေဘီက လီဆာ့နားရွက်ဖျားတွေကို လျှာဖျားနဲ့ သပ်ယူလာချိန်မှာတော့ အသွေးအသားတွေဟာ ရှိန်းခနဲ။ နှာခေါင်းချင်း ထိတိုက်ထားပြီး စိုက်ကြည့်လာတဲ့ ညှို့မျက်ဝန်းတစုံရဲ့ ဆွဲအားက တကယ်ကို သေနိုင်လောက်ပါရဲ့လေ။

"ဆုံးမပေး ကိုကိုဆုံးမတာ ခံချင်လို့ ..."

ဂျဲန်းနီကင်မ်သည် အန္တရာယ်သိပ်များလွန်းသည့် မိိန်းမသာဖြစ်၏။ နှစ်လိုဖွယ်ကောင်းအောင် အပြစ်ကင်းစင်လွန်းတဲ့ ချစ်စရာမျက်နှာလေးအား ပိုင်ဆိုင်ထားသည့် တိုင်အောင် တခါတလေများ Sexy ဆန်ဆန်တွေ လုပ်ပြလာခဲ့ရင် လီဆာ့မှာ ကိုယ်အပူချိန်တွေ ထိုးတက်ရသည်အထိ ဒီအမျိုးသမီးဟာ အန္တရာယ်သိပ်များလွန်းလှသည်။ အဲ့တာကြောင့် လီဆာ့ရင်ခွင်ထဲမှာပဲ တဘဝလုံးစာ ဖွက်ထားရတော့မည်။

"ahhh ..."

လီဆာ့အပေါ် အနိုင်ယူတက်လွန်းတဲ့ ဘေဘီ့အသံချိုချိုလေးတွေဟာ အရင်ကနဲ့မတူဘဲ သိပ်ကိုရဲတင်းလာခဲ့တာလည်း အမှန်ပင်။ လူကို ဘယ်လိုချုပ်နှောင်ရမလဲဆိုတာ သိလာတာမျိုးလေ။ ဒီလူက သူ့အပေါ် အရူးအမူးဖြစ်နေပြီးသားရယ်ပါ။

"ကိုကို ..."

မောဟိုက်စွာ ထွက်ပေါ်လာတဲ့ ထိုအသံနဲ့အတူ ပါးပြင်ပေါ်ရောက်လာတဲ့ လက်ဖဝါးသေးသေးလေးဟာ လီဆာ့အတွက် ကမ္ဘာတခုလို ဖြစ်တည်မှုမျိုးနဲ့။

"ရိုးရိုးသတ်လဲ သေပါတယ် ဘေဘီရယ်"

ချွေးတွေစို့နေတဲ့ ဘေဘီ့နဖူးကို အနမ်းဖွဖွခြွေရင်း လီဆာပြောလိုက်မိသည်။

"ကိုကိုကလဲ ဒီလောက်နဲ့တော်ပြီလား"

"ကြောက်သွားမှာစိုးလို့ ကြမ်းကြမ်းတမ်းတမ်း ချစ်ပစ်ချင်တဲ့ စိတ်ကိုထိန်းထားရတာ ဘေဘီမသိဘူးလား"

စိတ်ရှိလက်ရှိသာဆိုရင် သူ ဘေဘီ့ကိုလေ ...

"ကိုကို့ရဲ့ အဲ့လိုပုံစံလေး မြင်ဖူးချင်တယ်။ ဘေဘီ့အပေါ် အရူးအမူးဖြစ်နေတဲ့ ပုံစံလေးကို တကယ်မြင်ချင်တယ်"

If you stay (The women)Where stories live. Discover now