Chapter - 31

4.1K 376 51
                                    


နာရီအတော်အတန့် ခရီးနှင်ပြီးသည့်နောက် ဂျဲန်းနီ လမ်းညွှန်တဲ့အတိုင်း resort ကို မောင်းလာသည့် လမ်းတလျှောက်၌လည်း သစ်ပင်မြင့်မြင့်တွေကိုသာ အများဆုံးတွေ့ရှိရ၏။ resort အတွင်းမရောက်ခင်မှာ လုံခြုံရေးဂိတ် ၂ ဂိတ်တောင်ရှိသည်။ အတော်လေးတော့ safe ဖြစ်သည်ဟု လီဆာ ချီးကျူးလိုက်မိပါရဲ့။

ထို့နောက် အရောင်အသွေးစုံလင်သော သစ်ပင်တွေဖြင့် ပတ်လည်ဝိုင်းနေတဲ့ လမ်းလေးအတိုင်း မောင်းခဲ့ပြီးသည့်နောက်မှာတော့ ကိုရီးယားရိုးရာအိမ်ပုံစံလေးတွေဟာ ဟိုတစု ဒီတစု။

"ရပြီ ပူးပူး အရှေ့နားမှာရပ်လိုက်နော်"

နှစ်ယောက်လုံး ကားပေါ်က ဆင်းလိုက်သည့်အခါ ဝန်ထမ်းတချို့ ကပြာကယာပြေးထွက်လာကြပြီး ဂျဲန်းနီကိုသာ ဦးဆုံး အရိုအသေပေးနေတာကြောင့် လီဆာကြောင်ကြည့်နေမိတယ်။

"လာမယ်ဆို ဖုန်းကြိုဆက်လိုက်ရောပေါ့ သူဌေးရယ်"

ဘုရားရေ သူဌေးတဲ့။ မဟုတ်မှ ဂျဲန်းနီက ဒီ resort ပိုင်ရှင်များလား။ ဥပဓိရုပ်သန့်ပြန့်တဲ့ ထိုအန်တီကြီးရဲ့ ရင်ထိုးက ရာထူးကိုဖတ်လိုက်တော့ မန်နေဂျာတဲ့လေ။

"ခေါ်နေကြအတိုင်း နီနီလို့ပဲခေါ်ပါ အန်တီရဲ့။ ဒါနဲ့ ကျွန်မတို့နေဖို့ Private Swimming Pool ပါတဲ့ Villa ရော ရှိသေးလား"

"ရတာပေါ့။ ရှိတယ်။ VIP တခန်းကျန်သေးတယ်။ အန်တီလိုက်ပို့ပေးမယ် လာ"

"ကားပေါ်က ပစ္စည်းတွေကို အခန်းထဲပဲ ပို့ပေးပါ။ ကင်မရာနဲ့ လက်တော့ပ်တွေပါလို့ Luggages တွေကို သတိထားပြီးတော့ သယ်ပေးခိုင်းပါ အန်တီ"

"စိတ်ချနော်။ အန်တီနောက်က လိုက်ခဲ့။ ခရီးပန်းလာမှာဆိုတော့ နီနီတို့ အနားယူချင်နေမှာပဲ"

လီဆာ့ရဲ့လက်ကိုဆွဲပြီး မန်နေဂျာရဲ့အနောက်ကနေ လိုက်နေရင်းနဲ့ လူကိုပြုံးပြီးကြည့်လာသူကြောင့် မျက်စောင်းထိုးလိုက်မိသည်။

"နေရင်းထိုင်ရင်း လူကိုဘာလို့မျက်စောင်းတွေထိုးနေတာလဲ ပူးပူးရဲ့"

လမ်းလျှောက်နေရင်းနဲ့ နားနားကပ်ကာ ပြောလာခြင်းဖြစ်သည်။

If you stay (The women)Where stories live. Discover now