Chapter - 16 // 80's 🌻

2.8K 436 21
                                    


၁၉၈၃ // နွေဦးရာသီ

🌻

သိပ်လှတဲ့ နွေဦးရဲ့နေရောင်ခြည်နုနုအောက်မှာ အယ်လီဇယ် မတ်တပ်ရပ်နေမိသည့်အလျောက် နွေးထွေးသောဖြစ်တည်မှုတွေနဲ့ စိတ်တွေခုန်နေမိတယ်။ အရွန်လေးရဲ့ ကျောင်းရှေ့မှာ တခြားကျောင်းသားမိဘတွေအတူ ရပ်စောင့်ရင်း လက်ဖျားခြေဖျားတွေ တကယ်အေးစက်လာခဲ့တာ။ ကလေးရဲ့ အထက်တန်းစာမေးပွဲ နောက်ဆုံးနေ့ဆိုတော့ ဘာအခက်အခဲမှမရှိဘဲ ဖြေနိုင်ရဲ့လားဆိုတဲ့ စိုးရိမ်ပူပင်စိတ်တွေနဲ့လေ။

တချို့ကျောင်းသားမိဘတွေကတော့ အယ်လီဇယ့်ဆီကိုသာ အာရုံတွေ ရောက်နေကြပြီး ခေါင်းချင်းဆိုင် တီးတိုး ပြောဆိုနေကြတာကို မြင်နေရပေမယ့် အယ်လီဇယ် ဂရုမစိုက်။ သိပ်လှတဲ့ အယ်လီဇယ်ဟာ ဘယ်နေရာသွားသွား ဒီလိုအကြည့်ခံရတာဟာ ထုံးစံလိုဖြစ်နေပြီဆိုတော့။

အလှတပ်ဆင်တဲ့ ဦးထုပ်အနက်လေးဟာ ဦးခေါင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေပြီး ထိုဦးထုပ်သေးသေးကနေ မျက်နှာ တဝက်လောက်ထိဖုံးသည့် ဇာအမဲလေးဟာ အယ်လီဇယ့်ရဲ့ အလှကို မဖုံးကွယ်နိုင်ခဲ့ပါဘူး။ ဝတ်ဆင်ထားတဲ့ ဂါဝန်လေးဟာ အထက်တန်းစားဆန်စွာပင်။ အဖြူရောင်ဇာပန်းတွေဟာ အောက်ခံဖဲသား အနက်ရောင်ကြောင့် ပိုမိုပေါ်လွင်နေတယ်။ ခပ်မြင့်မြင့် ဒေါက်ဖိနပ် အနက်ရောင်ကြောင့် ခြေမျက်စိဖုံးတဲ့ ဂါဝန်ဟာ အံဝင်ဂွင်ကျစွာပင်။

ထိုလူတွေဟာ တောက်ပြောင်ပြီး အဆင်းလှလွန်းတဲ့ အယ်လီဇယ့်ကို မင်းကတော် အမှတ်နဲ့ ကြည့်နေကြလေသလား။ ကျောင်းဝင်းထဲကနေ ထွက်လာမယ့် အယ်လီဇယ့်ရဲ့ ကလေးကိုလည်း စိတ်ဝင်တစားရှိနေကြသည့်ပုံပင်။

သိပ်မကြာပါ။ ကျောင်းဝင်းအတွင်းကနေ အချက်ပေးသံမြည်လာပြီး ကျောင်းသားတွေဟာ အပြုံးမျက်နှာလေးတွေနဲ့ အသီးသီး ထွက်လာကြတယ်။ ဒီနေ့ဟာ
အထက်တန်းကျောင်းသားတွေရဲ့ နောက်ဆုံးရက်လေးဆိုတော့ အချင်းချင်း နှုတ်ဆက်သူက နှုတ်ဆက်နဲ့။

"အစ်မ ! "

ကျောင်းသူ ကျောင်းသားတွေရဲ့ အလယ်မှာ ထင်းခနဲဖြစ်နေတဲ့ အရွန်လေးဟာ ကျောင်းရှေ့မှာ ရပ်စောင့်နေတဲ့ အယ်လီဇယ့်ဆီကို တန်းနေအောင် ပြေးလာရှာတယ်။ ပြီးတော့

If you stay (The women)Where stories live. Discover now