Chapter - 29

3.7K 382 35
                                    


ပန်း မကြိုက်တဲ့ မိန်းကလေးရယ်လို့ မရှိတာကြောင့် နေ့တိုင်းလိုလို ပန်းစည်းလက်ဆောင်ပေးတက်သည့် ဂျဲန်းနီထံသို့ လီဆာ့အနေနဲ့ ပြန်ပေးမိသည်မှာ မျက်စိရှေ့ မြင်နေရသည့် ပန်းခင်းလေးသာဖြစ်သည်။ ထိုပန်းခင်းကိုမြင်ပြီး သူပြုံးရွင်သွားသည်ကို တွေ့ရပြီးနောက် ဂျဲန်းနီကင်မ်ရဲ့ပျော်ရွင်ခြင်းသည် လီဆာ့ရဲ့ရှင်သန်ရခြင်းပဲဆိုသည့် ဘဝရဲ့အဓိပ္ပာယ်ကို ရှင်းလင်းစွာ သိရှိခွင့်ရခဲ့သည်။

"လှလိုက်တာ။ ဒီပန်းလေးတွေက လီဆာစိုက်ထားတာလား"

"အင်း အဲ့လိုပဲ ပြောရမှာပေါ့။ ဘယ်လိုလဲ သဘောကျတယ်မလား"

"အရမ်းပေါ့။ ဒါနဲ့ အခုရောက်နေတာ ဘယ်နေရာလဲဟင် ပူးပူး"

"ဟွာရန်း ပန်းဥယျာဉ်တဲ့"

နီညိုရောင်အုတ်ခဲများဖြင့် ခင်းကြမ်းထားသည့် လျှောက်လမ်းလေး၏အဆုံးမှာတော့ သစ်ပင်တွေနဲ့ အုံ့ဆိုင်းနေတဲ့ အိမ်ငယ်လေးတလုံးဆီသို့ ရောက်ရှိလာခဲ့သည်။ ရောင်စုံပန်းများနားတွင် ရစ်ဝဲနေတက်သော လိပ်ပြာလေးများနှင့် ငှက်ကလေးများ၏ သာယာနာပျော်ဖွယ်အသံတွေ။ တိတ်ဆိတ်မှုတွေသာရှိသည့် ထိုနေရာလေးတွင် သဘာဝ၏အသံတို့ဖြင့်သာ။ လီဆာသည် ဂျဲန်းနီ၏ နှလုံးသားကို ဖမ်းစားနိုင်လွန်းသူသာဖြစ်သည်။

"ဖွားရေ ... သမီးလာတယ်နော်"

"အိုမို ... လီဆာလေးလား"

"ဟုတ်ပါတယ် ဖွား"

ဆောက်ထားတာ ကြာသေးပုံမပေါ်တဲ့ လုံးချင်းတိုက်အိမ်ငယ်လေးအတွင်းကနေ အဖွားတစ်ယောက်ထွက်လာပြီး လီဆာဟာ ပွေ့ဖက်လိုက်တာကြောင့် ဂျဲန်းနီ အံ့ဩသင့်သွားရသည်။ လီဆာ့ကို ဆွေမျိုးရယ်လို့မရှိတဲ့ မိဘမဲ့တစ်ယောက်လို့သာ သိထားတာဆိုတော့။

"ဒါ ဒါ .... ဂျဲန်းနီကင်မ်မလား"

လီဆာ့ကို ဖက်ထားရာကနေ အနောက်ဘက်မှာ မတ်တပ်ရပ်နေတဲ့ဂျဲန်းနီကိုမြင်ပြီး အလန့်တကြားဖြစ်သွားတဲ့ အဖွားက ဂျဲန်းနီကို သိနေတယ်တဲ့။ မဟုတ်မှ ....

"ဟုတ်တယ် ဖွား။ သမီးဆီကို ဂျဲန်းနီပြန်ရောက်လာပြီ"

ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြုံးပြီးကြည့်နေတဲ့ အဖွားဟာ ဂျဲန်းနီနဲ့လီဆာ့အကြောင်းကို အတွင်းကျကျ သိထားသူသာဖြစ်ရမည်။

If you stay (The women)Where stories live. Discover now