Chapter - 30

3.2K 352 26
                                    


"Fall in love မိသွားရင် အစစအရာရာ ပြသာနာစတက်တော့တာပဲ အစ်မရဲ့"ဆိုတဲ့ ဆိုမင်ရဲ့စကားကို လီဆာ အခုမှသာ သဘောပေါက်ခဲ့ရသည်။ ရူးရူးမူးမူး ချစ်မိနေပြီးသား လူတစ်ယောက်အပေါ်ကို စွဲလမ်းမှုတွေ ဆင့်ကဲလိုက်သည့်အခါ အလုပ်လုပ်နေရင်းနဲ့တောင်မှ သူ့အကြောင်းတွေးပြီး အရူးလိုပြုံးမိနေသည်အထိပင်။

သူ့အပြုံးတွေသည် နွေဦးနှင့်တူပြီး ထိုအပြုံးတွေကို မြင်တွေ့ရသည့်အခါ ဆောင်းဦး၏အငွေ့အသက်လိုမျိုး ရင်ထဲအေးမြသွားစေပြန်သည်။ နောက်ဆုံးမှာတော့ ချစ်တယ်လို့တခါပြောတိုင်း ရင်ဘတ်ဝက စိုနင့်မှုတွေကို နာနာကျင်ကျင်နဲ့ ခံစားခဲ့ရသည့် အတိတ်နေ့ရက်တွေဟာ လွင့်ပြယ်လို့သွားခဲ့ပါပြီ။

"အစ်မ ..."

ကလပ်သွားခဲ့ကြတဲ့ အဲ့ဒီညတုန်းက အဖြစ်အပျက်တွေကို လီဆာ အရသာခံကာ တစိမ့်စိမ့်နဲ့တွေးတောနေမိသည်။ ထိုနေ့ညက ဂျဲန်းနီရဲ့ရီဝေဝေမျက်လုံးလေးတွေဟာ သိပ်လှတာပဲ။ အောက်နှုတ်ခမ်းလေးကိုကိုက်ပြီး လှုပ်ရမ်းကာ ကနေတာလေးကအစ .... ဒူးပြေးထောက်ချင်စရာ။

"အစ်မ ..."

ဒီလက်တွေနဲ့ သူ့ပေါင်တံလှလှတွေကို ကိုင်ခဲ့မိတာတဲ့လား။ ဂျဲန်းနီကင်မ်ရေ ရှင်တော့ဘယ်လိုနေမသိဘူး ကျွန်မမှာတော့ ရူးချင်ချင် ဖြစ်နေပြီ။

"ငါ့အစ်မရေ မတ်တပ်ကြီးနဲ့ အသက်ရောရှိသေးရဲ့လားလို့ !!"

ဆိုမင်ရဲ့အော်သံကြောင့် ကောင်တာအတွင်း မတ်တပ်ရပ်နေမိတဲ့ လီဆာမှာ ခန္ဓာကိုယ်လေး တုန်သွားသည်အထိ လန့်သွားရသည်။ ထို့နောက် ရှက်ရွံစွာနဲ့ဂုတ်ကို ပွတ်မိသည့်အခါ အထာနပ်နေတဲ့ ဆိုမင်ကတော့ မနိုင်ဘူးဆိုသည့် အကြည့်တွေနဲ့ ကြည့်လာတော့၏။

"ငါ့အစ်မက တကယ်ကြီး အချစ်မှာကျရှူံးနေတာပဲ"

"ဘာပြောမို့တုန်း"

"ညီမ သူငယ်ချင်းတစ်ယောက်က ဓာတ်ပုံရိုက်ချင်လို့တဲ့။ အဲ့တာ အစ်မ အဆင်ပြေမလားလို့ လာမေးတာ"

"လူပုံတွေ မရိုက်ဖူးတော့ သေချာတော့မပြောနိုင်ဘူးရယ်"

ထိုအချိန်မှာအတွေးထဲ ဖြတ်ခနဲဝင်လာတဲ့ ပုံရိပ်။ လီဆာ ညစ်တေးတေး ပြုံးလိုက်မိသည်။

If you stay (The women)Where stories live. Discover now