Chapter - 12

7.1K 717 132
                                    


ရှင်သန်ခြင်းနဲ့သေဆုံးကြားက ဘဝအချိုးအကွေ့ အဖြစ်အပျက်တွေကို လီဆာ စိတ်ကုန်ခဲ့ဖူးသည်။ အဖေမရှိဘဲနေခဲ့ရတဲ့ လီဆာ့ရဲ့ကမ္ဘာထဲမှာ အမေသည်သာအရာရာဆိုတဲ့ ဖြစ်တည်မှုမျိုးနဲ့ ရှင်သန်နေခဲ့ပေမယ့် အဲ့လိုအရေးပါတဲ့လူကတောင် လီဆာ့ကို ပစ်ပစ်ခါခါ ထားရက်နိုင်ခဲ့တာ။

သေခြင်းတရားဟာ ရှောင်လွှဲလို့မရနိုင်တဲ့ ကံကြမ္မာဆိုပေမယ့် အဲ့ဒီကံကြမ္မာဟာ လီဆာ့ကိုမှ တမူထူးကာ ရက်စက်ခဲ့သလိုပါပဲ။ အတိတ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင် ခါးသီးမှုလို့ပဲ လီဆာဖြေမည်။

ဒါဆို လက်ရှိပစ္စုပ္ပန်ကရော။

"ဘာတွေတွေးနေလဲ လီဆာ"

ခပ်ချိုချိုအသံလှိုင်းလေးတစ်ခုက အနားကို ဖြတ်ပြေးလာတော့ မှိုင်းနွမ်းစပြုနေတဲ့ လီဆာရဲ့စိတ်တွေဟာ အချိန်ကိုက်ထားသကဲ့သို့ လျှင်မြန်စွာပင် ပျောက်ကွယ်သွားရတော့သည်။

ဟုတ်သည်။ လီဆာ့အနားမှာ ဂျဲန်းနီရှိနေလို့ ပစ္စုပ္ပန်တွေက နေပျော်ချင်စရာကောင်းလှသည်။

လီဆာဟာ မနက်စောစောတွေဆိုရင် လမ်းလျှောက်တက်တဲ့အကျင့်ရှိတော့ အခုလည်း မနက်ဝေလီဝေလင်းအချိန်မှာတောင် လမ်းမတစ်ခုထက်တွင် ရှိနေပြန်သည်။ ဘယ်အချိန်ကတည်းက လိုက်ပါလာမှန်းမသိတဲ့ ဂျဲန်းနီကလည်း နံဘေးနားကိုရောက်ရှိလာသည်။

ရုတ်တရက် လီဆာ့ရဲ့စိတ်တွေဟာ သစ်ရိပ်ဝါးရိပ်အောက် ရောက်ရှိသွားရသလို အေးချမ်းသွားရသည်။

"ဒီလိုပါပဲ ဂျဲန်းနီရယ်။ အတိတ်တွေပေါ့"

"ဖက်တွယ်ထားလို့ မကောင်းတဲ့အထဲမှာ အတိတ်ဆိုတဲ့အရာတွေက ထိပ်ဆုံးမှာပဲ လီဆာ"

"ဖက်တွယ်တာတော့ မဟုတ်ပါဘူး။ အတွေးထဲ သူ့ဘာသာရောက်ရောက်လာတာ"

"အဲ့ဒီအတွေးတွေကို လီဆာက ဖိတ်ခေါ်နေတာလေ"

ခြေလှမ်းတွေကိုရပ်ပြီး ခပ်ဆပ်ဆပ်လေသံနဲ့ ပြောလာတဲ့ ဂျဲန်းနီဟာ လီဆာ့ကို အားမလို အားမရဖြစ်နေသလို ဟန်ပန်တွေရှိနေသည်။ လီဆာလည်း ခြေလှမ်းတွေကိုရပ်လိုက်မိသည်။ ဂျဲန်းနီနဲ့ မျက်နှာချင်းဆိုင် အနေအထားမျိုး။

If you stay (The women)Where stories live. Discover now