Chapter - 9

3.9K 689 42
                                    

"မနက်ဖြန်ကျရင် ကိုယ်တို့ဈေးဝယ်ထွက်ရအောင်။
လိုအပ်တာတွေဝယ်ဖို့"

" ဒါလေး ယူထားပေးပါလား လီဆာ"

လီဆာ ပြင်ဆင်ပေးထားတဲ့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ ဂျဲန်းနီက ကဒ်တခုခုနဲ့ အခြား အရာတခုကို လှမ်းပေးလာတယ်။

" ဟင် ဒါကိုတွေဘာလို့"

တံဆိပ်ခေါင်းနဲ့အတူ တွဲလျက်ပါတဲ့ဘဏ်စာအုပ်နဲ့ Black Card ကို လီဆာ့ထံ ပေးလာတော့ လှမ်းမယူမိ။ ယူလဲ မယူချင်ဘူး။

"အင်း ရှင် ယူထားလိုက်ပါ"

"ကိုယ့်အတွက် ဒါတွေမလိုပါဘူး"

"မလိုတာသိပေမယ့် ယူထားပေးပါ"

"ဒါတွေလိုချင်လို့ မင်းကို အိမ်ခေါ်လာတာမဟုတ်ဘူး ဂျဲန်းနီ"

စေတနာကို စော်ကားသလိုမျိုး ခံစားလိုက်ရတော့ လီဆာ စိတ်တိုချင်သလိုလိုဖြစ်လာသည်။

"ကျွန်မဆီမှာဆို မလုံခြုံလို့ ရှင့်ဆီမှာ သိမ်းခိုင်းထားတာပါ။ နောင်တချိန်ကျရင် ကျွန်မအတွက်ရည်စူးပြီး အလှူလေးတွေလုပ်ပေးပေါ့"

လီဆာကိုယ်တိုင်က ဂျဲန်းနီနဲ့ပတ်သက်လာရင် ဆက်ဆက်ထံမခံ ဖြစ်နေပုံရသည်။ စကားလုံး တစ်လုံး၊ အပြုအမူတစ်ခုကအစ ခံစားလွယ်နေသလိုပဲ။ အခုလည်း စိတ်တိုနေရာကနေ ချက်ချင်းမျက်ရည်ဝဲမိပြန်တယ်။

"ဂျဲန်းနီပြောတဲ့ နောင်တချိန်ဆိုတာ ကြာဦးမယ်မလား"

"The Woman ပြီးဆုံးသွားတဲ့အခါ၊ ကျွန်မရဲ့အလောင်းကို ပြန်ရှာတွေ့တဲ့အခါ အဲ့ဒီနှစ်ခုလုံး ပြီးမြောက်သွားရင်တော့ စောနကပြောတဲ့ နောင်တချိန်ဆိုတာ ရောက်လာပါလိမ့်မယ်"

လီဆာ ဘာမှဆက်မပြောချင်။ အမှန်တရားကိုသိနေလျက်နဲ့တောင် ဂျဲန်းနီ ပျောက်ကွယ်သွားမှာကို အတ္တဆန်ဆန် မလိုလားနေမိတာ။ ဒီလိုစကားတွေကိုလဲ အခုအချိန်မှာ ဘာတုံပြန်ချက်မှ မပေးချင်တော့ပါ။

"ပေးပါ။ ကိုယ်သိမ်းထားပေးပါ့မယ်"

ဂျဲန်းနီလက်ထဲက ပစ္စည်းတွေကိုလှမ်းယူလိုက်သည်။ ပြီးတော့ မတ်တပ်ထရပ်လိုက်သည်။

If you stay (The women)Where stories live. Discover now