Chapter - 10 // 80's 🌻

4.6K 665 63
                                    


၁၉၈၀ // ဆောင်းဦးပိုင်းကာလ

🌻

ပါရီမြို့လေးနှင့် အလှမ်းမဝေးလှတဲ့ (Provence) ဖူပွန်မြို့လေးဟာဆိုရင် လှပအေးချမ်းလွန်းတဲ့ ကမ္ဘာငယ်လေးဟု တင်စားခေါ်ဝေါ်လောက်သည်အထိ လူတစ်ယောက်ရဲ့ စိတ်နှလုံးကို ညို့ယူဖမ်းစားနိုင်စွမ်း ရှိလွန်းလှသည်။ ပန်းချီကားတစ်ချပ်ထဲတွင် ရှင်သန်နေရသလို ခံစားချက်မျိုးဖြင့် နေပျော်စရာလဲ သိပ်ကောင်းသည်။

သစ်ပင်တွေဖြင့် နွယ်တက်နေသည့် နှစ်ထပ်တိုက်အိမ်ကြီးသည် ဖူပွန်မြို့၏ မြို့လယ်ခေါင်တွင် ခမ်းနားထယ်ဝါစွာ တည်ရှိနေသည်။ ထိုအဆောက်အဦး၏ အပေါ်ဆုံးထပ်မှာတော့ ဆောင်းမနက်ခင်းရဲ့ ဝေလီဝေလင်း အချိန်မှာတောင် အသက်ဝင် လှုပ်ရှားနေတဲ့ ပုံရိပ်လေးတစ်ခုဟာ နွယ်ပန်းခက်တွေနဲ့ပြည့်နေတဲ့ ပြတင်းတံခါးနားသို့ လှပသောအသွင်ဖြင့် လျှောက်လှမ်းလို့လာသည်။

ထိုပြတင်းတံခါးကို တွန်းဖွင့်လိုက်သည့်အခါ သူမ၏ မျက်နှာထက်တွင် အပြုံးနုနုတွေ တွဲခိုသွားရသည်။ မျက်စိရှေ့က ရှူခင်းတွေဟာ သူမရဲ့စိတ်ကို အတော်လေး ဘဝင်ကျစေသည့်ပုံ။

ညဝတ်အိပ်သည့် ဂါဝန်အဖြူရောင်ခပ်ပါးပါးဟာ ဆောင်းဦး၏အအေးဒဏ်ကို မကာကွယ်နိုင်။ တိုးဝှေ့လာတဲ့ လေအေးအေးတွေကြောင့် ခန္ဓာကိုယ်ထဲ စိမ့်ခနဲဖြစ်သွားပေမယ့် နေရာလဲ မရွေ့မိ။ နှစ်ထပ်တိုက်ဖြစ်တာကြောင့် အပေါ်စီးကနေမြင်နေရတဲ့ ဖူပွန်မြို့ရဲ့ အလှအပတွေကို မနက်ခင်းတိုင်း ယခုလိုခံစားရသည်မှာ သူမအတွက် စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်သည်။

ဓာတ်ပြားစက်ကနေ တငြိမ့်ငြိမ့်ပျံ့လွင့်နေသည့် တယောသံစဉ်နဲ့ ပီယာနိုသံစဉ်ကိုပေါင်းစပ်ထားတဲ့ တေးသွားတစ်ပုဒ်ဟာ ဆောင်းဦးရဲ့မနက်ခင်းနဲ့ လိုက်ဖက်လွန်းစွာပါပဲ။

သူမဟာ သာယာငြိမ့်ညောင်းမှုတွေကို အလွန်အမင် နှစ်သက်ခုံမင်သူဖြစ်ပြီး ခက်ထန်မာကျောလွန်းတဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားတဲ့ မိန်းမစားမျိုးဖြစ်သည်။

"ဟေး မိန်းမလှလေး"

သံပန်း ကနုတ်တွေဖြင့် အလှဆင်ထားသည့် ခြံစည်းရိုး၏ အပြင်ဘက်တွင် မနက်ခင်းတိုင်း အသင့်စောင့်နေတက်ကြတဲ့ ယောကျ်ားတွေဟာ သရော်သလိုလေသံတွေ၊အကြည့်တွေနဲ့ ပြတင်းတံခါးနားက သူမကိုမော့ကြည့်နေတော့ တံခါးကို အားဖြင့် ဆွဲပိတ်ချလိုက်သည်။

If you stay (The women)Where stories live. Discover now