Chapter - 3

5.1K 900 81
                                    


"သေချင်နေတဲ့ လူတစ်ယောက်အနားမှာ ခန္ဓာကိုယ်အဌားနဲ့ အသက်ဆက်ရှင်ချင်နေတဲ့ အမှောင်လောကက ပရလောကသားတွေ ရစ်ဝဲနေတယ်ဆိုတာ ကလေးမ သိထားသင့်တယ်"

ရုတ်တရက်ကြီး နားထဲ ပဲ့တင်ထပ်လာတဲ့ အဖွားရဲ့ စကားသံ။ မကြောက်စဖူး လီဆာ ကြောက်လာမိသည်။

" ဘယ် သူ လဲ "

တံခါးနားကို ဖြေးဖြေးချင်းလျှောက်သွားရင်း ပြောလိုက်မိတဲ့ လီဆာ့ရဲ့အသံဟာ တုန်ရီနေခဲ့တယ်။ မကောင်းဆိုးဝါးတွေဟာ ဘယ်နေရာကနေ ဘွားခနဲပေါ်လာမလဲ မသိနိုင်တဲ့ အမှောင်လောကသားတွေဖြစ်နေတာမို့ လက်ထဲက သံတုတ်လေးကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လီဆာ တကယ်ကြောက်နေမိတယ်။

ထိုအချိန်မှာ ပြတင်းတံခါးပေါက်ကနေ ကောင်းကင်ပြင်ကို မော့ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အလန့်တကြားနဲ့ ခြေလှမ်းတွေဟာ အနောက်ကိုဆုတ်မိလျက်သား။

ခြံထဲမှာ ထွန်းထားတဲ့မီးအလင်းကြောင့် ညကောင်းကင်ကို အနည်းငယ်ဝေဝါးစွာနဲ့ မြင်နေရသည့် ထိုအနေအထားမျိုးမှာ အနက်ရောင်အသွင်ရှိတဲ့ ဌက်အမဲ အုပ်လိုက်ကြီးဟာ လီဆာ့အိမ်ရဲ့ ကောင်းကင်ပြင်ပေါ်မှာ စက်ဝိုင်းပုံစံ ရစ်ဝဲပြီး ပျံသန်းနေကြတာ။

" ချီး ! စောက်သောကတွေ လာပေးနေတာပဲ"

ဆဲရေးပြီးသည့်နောက် တံခါးပေါက်ကို အလျင်အမြန်ဆွဲပိတ်ပြီး အပေါ်အောက် တံခါးဂျက်တွေ ချထားလိုက်သည်။ ထို့နောက် ကုတင်ပေါ် အမြန်ပြန်လာကာ ဘေးက စားပွဲခုံလေးပေါ်တင်ထားတဲ့ အိတ်လေးကို ခပ်မြန်မြန်လှမ်းယူလိုက်ရသည်။

အဖွားပေးခဲ့တဲ့ ဒီအနီရောင်အိတ်လေးကို လီဆာ အခုထိဖွင့်မကြည့်ရသေး။ ဖဲသားနဲ့လုပ်ထားတဲ့ အနီရောင်အိတ်လေးကို ကြိုးစအဖြူလေးနဲ့ ချည်နှောင်ထားတာ။ ထိုကြိုးစလေးကို ဆွဲဖြည်လိုက်ပြီး အထဲက ပစ္စည်းလေးကို လက်ဖဝါးထဲ သွန်ချကာ ကြည့်လိုက်တော့

လိပ်ပြာပုံစံ ဆွဲကြိုးလော့ကပ်ပြားလေး . . .

လီဆာ ယခုကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေကို အဖွားပြောခဲ့တဲ့ စကားတွေနဲ့ ယှဉ်ကြည့်တဲ့အခါ မှန်နေသယောင်ရှိနေတာမို့ ဘာမှတွေးမနေတော့ဘဲ လည်ပင်းက ဆွဲကြိုးကို ချွတ်ကာ ထိုလိပ်ပြာပုံစံ လော့ကပ်လေးကို ကြိုးပေါ်မှာ ချိတ်ဆွဲပြီး လည်ပင်းထက်မှာ ဝတ်ဆင်လိုက်သည်။

If you stay (The women)Where stories live. Discover now