Chapter - 35

2.9K 345 25
                                    

"ပတ်ခ်ချယ်ယောင်းအနေနဲ့ အမှားလုပ်ခဲ့ဖူးတဲ့အချိန်မျိုးရော ရှိခဲ့ဖူးလား"

"ရှိခဲ့ဖူးပါတယ်။ အရင်ကဆို အမှားတခုခုလုပ်မိမှာကို ကြောက်ရွံ့နေခဲ့ဖူးတဲ့ စိတ်လေးတခု ကျွန်မဆီမှာ အမြဲတမ်းရှိတယ်။ ငါလုပ်နိုင်ပါ့မလား၊ ငါ့အနေနဲ့ လုပ်သင့်ရဲ့လားဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး စည်းဘောင်ကြီးနဲ့ တားထားမိတာမျိုးလေ။ သိတယ်မလား အဲ့ဒီခံစားချက်ကို။ အခုလက်ရှိ သိလာတာကတော့ အမှားဆိုတဲ့အရာ ရှိလာဖို့အတွက်တောင် လုပ်ရဲတဲ့သတ္တိက ပထမဆုံးရှိနေဦးမှမလား။ အခု ELLE Korea ရဲ့ ဒီ interview ကို ကြည့်နေတဲ့ fan တွေဆီမှာလည်း အမှားလုပ်မိမှာကို ကြောက်ပြီး တွန့်ဆုတ်နေတဲ့ စိတ်လေးများရှိနေခဲ့ရင် ကျွန်မ အနေနဲ့ ပြောပေးချင်ပါတယ်။ အမှားဆိုတာမျိုးက လူတိုင်းလူတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အစိတ်အပိုင်းတခုပဲမို့ အမှားကိုအမှားလို့မမြင်ဘဲ သတ္တိရှိတာပဲလို့ ကျွန်မကတော့ မြင်ပါတယ်"

"ဘယ်လိုသီချင်းမျိုးနဲ့ ရုပ်ရှင်တွေကို သဘောကျလေ့ရှိလဲ"

"ရိုးသားပွင့်လင်းတဲ့ ဇာတ်လမ်းမျိုးနဲ့ အချိန်တိုတောင်းပြီး လှပတဲ့အခိုက်အတန့်တွေကို ရည်ညွှန်းထားတဲ့ သီချင်းတွေကို ပိုသဘောကျပါတယ်။ ရုပ်ရှင်လဲ ထိုနည်း၎င်းပါပဲ"

"သီချင်းအသစ်ထွက်ဖို့ရောရှိလား"

"ဒီကြားထဲ ရေးနေမိတဲ့ သီချင်းတော့ရှိတယ်။ fan တွေဆီ ချပြဖို့အတွက်ကတော့ ကျွန်မအနေနဲ့ အချောသတ်စရာလေးတွေ ကျန်ရှိနေပါသေးတယ်"

"အားပေးနေတဲ့ fan တွေကိုရော ဘာပြောချင်သေးလဲ"

"Fan တွေက မိဘနှစ်ပါးပြီးရင် ကျွန်မအတွက် အရာအားလုံးပါ ..."

"ကဒ် "

"interview ကတော့ ဒီလောက်ပဲနော်။ တာဝန်ကျေပါတယ် ပတ်ခ်ချယ်ယောင်းရှီး"

"Welcome ပါ။ အားလုံးပဲ တာဝန်ကျေပါတယ်နော်။ နောက်မှထပ်တွေ့ကြမယ်"

ELLE အဖွဲ့သား​တွေရဲ့ လက်ခုတ်သံတွေကြားမှာ ချယ်ယောင်း ခါးလေးညွှတ်ကာ အပြန်အလှန် နှုတ်ဆက်ပြီး ထိုနေရာကနေ ထွက်ခဲ့လိုက်တော့သည်။ ဝိုင်းကြည့်နေတဲ့ကြတဲ့ မျက်လုံးတွေကြားထဲကနေ တစ်စုံတစ်ယောက်ကို ရှာဖွေနေမိရင်းပေါ့ ...

If you stay (The women)Dove le storie prendono vita. Scoprilo ora