Chapter - 22

2.9K 373 23
                                    


နာကျင်မှုတွေကို ရင်ဝယ်ပိုက်ပြီး အိမ်မက်မဟုတ်ခဲ့တဲ့ အိမ်မက်ပမာအဖြစ်အပျက် တစ်ခုထဲကနေ နိုးထလာရသည့် ထိုမနက်ခင်းတွေသည် လီဆာ့ကို တုန်လှုပ်ခြောက်ခြားနေစေ၏။ နှိုးစက်သံဟာ ခေါင်းကိုအဆက်မပျက်ထုရိုက်နေသည့် သံတူတစ်ချောင်းကဲ့သို့ပင်။

"ဒီနေ့လဲ အရင်နေ့တွေလိုပါပဲလား"

ကုတင်ပေါ်ကနေ ဆင်းရန် ခြေထောက်တွေကို ကြမ်းခင်းပေါ်သို့ ဦးဆုံးချစေပြီးမှ လေးပင်စွာ ငြီးထွားလိုက်မိသည်။ ပုံမှန်အနေအထားပြန်ဖြစ်သွားရသည့် လီဆာ့ရဲ့ နေ့ရက်တွေဟာ ယခင်နေ့တွေကထက် ပို၍ပင် သေချင်စရာကောင်းလောက်အောင်ကို နှိပ်စက်နေတော့၏။ ကုတင်ဘေးက သစ်သားခုံလေးပေါ်မှာ ဘယ်သူမှ မရှိ။ရီဝေဝေအကြည့်တွေနဲ့ ချစ်စရာ အပြုံးလှလှတွေဟာ မျက်စိတမှိတ်အတွင်း ပျောက်ကွယ်သွားလိုက်ပုံများ။

အဲ့ဒီနေ့ညကသာ ဂျဲန်းနီကိုခေါ်ပြီး အပြင်မသွားဖြစ်ခဲ့ရင် ဒီလိုတွေဖြစ်လာစရာ အကြောင်းမရှိလောက်ဘူးလို့ မိမိကိုယ်ကိုယ် အပြစ်တင်ရင်း စိတ်သေတွေနဲ့သာ ရှင်သန်ရပေဦးမည်။

"လီဆာ တံခါးလာဖွင့်ဦး"

အိမ်တံခါးမကြီးကို ထုရိုက်နေတဲ့ ဂျီဆူးရဲ့အသံ။
ညတုန်းကအရက်တွေအသောက်လွန်ထားတာကြောင့် နားထင်ကို လက်ညိုးဖြင့်ဖိ၍သာ တံခါးနားသွားလိုက်ရသည်။

"ဘာကိစ္စလဲ ဂျီဆူး"

"အရက်နံ့တွေ နံစော်နေတာပဲ။လူရုပ်တောင် မပေါက်တော့ဘူး နင်"

တစ်လအတွင်း။အင်း ဂျဲန်းနီပျောက်ကွယ်သွားခဲ့တဲ့ တစ်လအတွင်း ဂျီဆူးဟာ အိမ်ကို အမြဲလိုလို ဝင်ထွက်သွားလာပြီး လီဆာ့ကို ဆူပူဆဲဆိုရင်းနဲ့သာ ဂရုစိုက်ပေးခဲ့တယ်။

"ဂျဲန်းနီ မှာခဲ့တဲ့ စကားကြောင့်သာ နင့်ဆီကို လာနေရတာ။ လာချင်စရာကို တကွက်မှ မရှိဘူး"လို့ ဂျီဆူးပြောခဲ့တုန်းကလဲ လီဆာ့မှာအရူးလို ငိုခဲ့ရတာပါပဲ။တကယ်က မငိုရတဲ့ ရက်ရယ်လို့မှ မရှိခဲ့တာ။သူ မရှိတော့တဲ့ နောက်ပိုင်းတွေမှာပေါ့။

"ဂျဲန်းနီရဲ့အမေကို ရှာတွေ့ပြီ"

"အခုမှ ရှာတွေ့တော့ရော ဘာတွေများ ပြောင်းလဲလာမှာမို့လို့လဲ။ဂျဲန်းနီမှ မရှိတော့တာ"

If you stay (The women)Where stories live. Discover now