Chapter - 41

4.2K 364 32
                                    

"လွမ်းဆွတ်တမ်းတခြင်းသည် သင်ရရှိသည့်
တစ်ခုတည်းသောအိမ် ဖြစ်ကောင်းဖြစ်နိုင်သည်"

ထိုစာစုလေးကို သုံးနှစ်တိတိ ရင်ဝယ်ပိုက်ပြီး တိတ်တဆိတ် ကြေကွဲခဲ့ရသူ။ ချစ်လွန်းလို့ အပြစ်ဖြစ်ခဲ့ရသူ။ အမုန်းခံချင်ခဲ့ရသူပါ။

လီလီဆိုတဲ့ နာမ်စားလေးကို ခေါ်ခွင့်မရတော့တဲ့ နေ့ကစပြီး သေလူလိုပဲ ရှင်သန်နေခဲ့ပေမယ့် သတ္တိကင်းမဲ့လွန်းသူမို့ ဒီနိုင်ငံနဲ့ ဝေးရာ မာမီ့ဆီကိုသာ ပြေးထွက်ခဲ့မိပါတယ်။

သဝန်တိုစိတ်ကြောင့်ဖြစ်တည်လာရတဲ့ ပေါက်ကွဲမှုတွေပါပဲ။ လမ်းခွဲခြင်းအထိ အမှုန်အမွှားတွေ လွင့်စင်စေခဲ့သူက မိမိကိုယ်တိုင်ဖြစ်နေခဲ့ရပြီး မရည်ရွယ်ပဲ ပြောခဲ့မိတဲ့ စကားလုံးတွေနဲ့ ရည်ရွယ်ပြီး မပြောပြဖြစ်ခဲ့တဲ့ မိမိရဲ့နာကျင်မှုအကြောင်းတွေကို လီလီတကယ်ပဲ မရိပ်မိခဲ့လေသလား။

"ကျွန်မတို့ကြားမှာ ပြောစရာစကားမရှိဘူးထင်တယ်"

တွေ့ရအောင်ဆိုပြီး ဆက်သွယ်လာတဲ့ ပတ်ခ်ချယ်ယောင်းကြောင့် လူရှင်းတဲ့နေရာတခုကိုသာ ဂျဲန်းနီ ချိန်းခဲ့ပြီး မျက်နှာချင်းဆိုင်မှာ မတ်တပ်ရပ်နေမိပြီဖြစ်သည်။

"လီဆာ့ဆီ ပြန်သွားပေးလို့မရဘူးလား"

"အဲ့လိုစကားမျိုးကို ရှင့်ဘက်က ပြောနေတာတော့ မဟုတ်သေးဘူးထင်တယ်နော်။ ဘာလဲ လီလီက ပြောခိုင်းလိုက်လို့လား"

"မဟုတ်ဘူး ဂျဲန်းနီ။ လီဆာက အပြစ်သားတစ်ယောက်လိုပဲ ရှင်သန်နေခဲ့တဲ့လူပါ။ အားနာတဲ့စိတ်တွေနဲ့ ကျွန်မအပေါ် ကောင်းပေးခဲ့သမျှက သူ့အတွက် ကိုယ့်သေတွင်း ကိုယ်တူးခဲ့သလို ဖြစ်စေခဲ့မှန်းလည်း သူကိုယ်တိုင် သိပါတယ်။ ကျွန်မလည်း စိတ်ရှင်းရှင်းနဲ့ပဲ လက်လွှတ်လိုက်တော့မှာမို့"

"ပြောချင်တာ အဲ့တာပဲမလား"

ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်ပေမယ့် အရှေ့ကနေ ပိတ်ရပ်လာသူကြောင့် ဂျဲန်းနီမှာ ခြေချုပ်မိလျက်သား။

"ကျွန်မ အရင်တုန်းက ပြောခဲ့ဖူးတယ်နော်။ နောင် တချိန်မှာ လီဆာ့ဘက် ဘယ်သူမှရှိမနေတော့ရင် သူ့ကို ဘယ်သူကမှ မယုံကြည်တော့ရင် ဂျဲန်းနီကရော သူ့ဘက်မှ ရှိနေပါ့မလားလို့လေ။ အခု အခွင့်အရေးတခါလောက်လေးပဲဖြစ်ဖြစ်ပေးပြီး လီဆာ့ဆီ ပြန်သွားပေးလို့မရဘူးလား။ သူ့ဆီမှာ ရှင်တစ်ယောက်ထဲပဲ ရှိတာပါ"

If you stay (The women)Where stories live. Discover now