Chapter - 19 // 80's 🌻

3.3K 439 41
                                    


၁၉၈၅ ခုနှစ်၊ဒီဇင်ဘာလ။
(နှစ်ကုန်ခါနီး ကာလအပိုင်းအခြား)

🌻

"အရွန် အလုပ်သွားတော့မယ်နော် အစ်မ။ ဒီဆေးက မနက်စာ စားပြီးရင် သောက်ဖို့နော်။ ဒါက နေ့လယ်ကျရင် သောက်ဖို့။ ညဆေးကတော့ အရွန်ပြန်လာမှ တိုက်တော့မယ်။ မနက်စာလည်း ပြင်ထားပြီးပြီ။ သေချာစားရမယ်နော်"

အိပ်ယာထက်မှာ စာအုပ်ဖတ်နေတဲ့ အစ်မသည် ပရီရွန်ရဲ့ ရှည်လျားလှတဲ့ စကားတွေကို အပြုံးတွေနဲ့သာ နားထောင်နေ၏။

"စက်ဘီးကို ဂရုတစိုက်စီးနော် အရွန်"

"ဟုတ်ကဲ့ပါ အစ်မရဲ့"

မနက်နိုးလာတာနဲ့ မျက်နှာအရင်မသစ်ပဲ စာအုပ်ကိုင်တက်တာဟာ အစ်မရဲ့အကျင့်ဖြစ်သည်။ ပရီရွန်ရဲ့ အကျင့်ကတော့ အစ်မရဲ့အခန်းထဲကိုလာကာ အိပ်ပျော်နေတဲ့ အစ်မကို ငေးမောရခြင်းသာဖြစ်၏။ ပြီးမှသာ အလုပ်သွားရန် ပြင်ဆင်ရသည်။ ဒါဟာ နေ့ရက်တိုင်းလိုလိုပင်။

"အရွန်"

အိပ်ခန်းတံခါးဝဆီ ရောက်နေတဲ့ ပရီရွန်ဟာ အစ်မရဲ့ခေါ်သံကြောင့် အနောက်ကို ဆက်ခနဲ လှည့်ကြည့်မိ၏။

"ဟုတ် အစ်မ"

"အိတ်ဆောင်နာရီလေးရော"

"ဒီမှာပါပါတယ် အစ်မရဲ့။ အရွန်ဘယ်တော့မှ မမေ့ပါဘူး"

လွယ်ထားတဲ့ အိတ်လေးကို မ,ပြရင်းပြောရသည်။ ထိုအိတ်ဆောင်နာရီလေးဟာ ပရီရွန်ရဲ့ အသက်၂၀ပြည့် မွေးနေ့တုန်းက အစ်မပေးခဲ့တဲ့ မွေးနေ့လက်ဆောင်လေးဖြစ်၏။ အစ်မပေးတဲ့ ပထမဆုံး ပစ္စည်းလေးဖြစ်တဲ့အပြင် အဲ့ဒီအိတ်ဆောင်နာရီလေးဟာ ပရီရွန် အရမ်း လိုချင်ခဲ့တဲ့ ပစ္စည်းလေးသာဖြစ်သည်။ တန်ဖိုးထားရမယ့် သက်မဲ့လေးဖြစ်တာမို့ လက်ဆောင်ရတဲ့ နေ့ကနေ စလို့ ကိုယ်နဲ့မကွာ အမြဲဆောင်ထားလေ့ရှိသည်။

"အဲ့တာဆို အရွန်သွားပြီနော် အစ်မ"

ထိုသို့ပြောပြီး လှည့်ထွက်လိုက်သည့်အချိန်

"အရွန်"

အစ်မရဲ့ခေါ်သံဟာ ပရီရွန်ရဲ့ခြေလှမ်းတွေကို ထပ်မံကာ တားဆီးခဲ့ပြန်သည်။

If you stay (The women)Where stories live. Discover now