Chapter - 2

5.9K 905 87
                                    

ဖြတ်သန်းရတော့မယ့် တစ်နေ့တာတွေဟာ ပုံမှန်နေ့တွေကထက် အထီးကျန်ခဲ့ရတဲ့ ဟိုးအရင်တစ်ချိန်က ပုံမှန်နေ့တွေလိုပါပဲ . . .

မနက် ၇ နာရီဆိုတာနဲ့ လီဆာ အိပ်ယာက ထတယ်။ ဒီနေ့တော့ သီချင်းလဲ နားထောင်ချင်စိတ် ရှိမနေတာမို့ တကိုယ်ရည်သန့်စင်ပြီးသည်နှင့် အလင်းရောင်သိပ်မရှိတဲ့ ထိုအခန်းငယ်ထဲ တချက်ဝှေ့ကြည့်မိရင်း ပြတင်းတံခါးနှစ်ချပ်ကို တွန်းဖွင့်လိုက်သည်။

စိတ်တွေ မရွင်မလန်းနဲ့ နေရတာတမျိုးဖြစ်နေတယ်။ ပတ်ဝန်းကျင်ကလဲ လီဆာ့ရဲ့ စိတ်တွေလိုပဲ မှုန်မှိုင်းနေပြန်ပါတယ်။

နွေဦးအစမှာ မုန်တိုင်းဝင်မှာတော့ မဟုတ်လောက်ပါဘူးနော်။

" မောနင်းပါ အစ်မ"

ဆိုင်ထဲဝင်ဝင်ချင်း ကြားနေကြ ထိုအသံဟာ အနည်းငယ် လေသံပျော့နေသည်။ မှိုင်းပျနေတဲ့ လီဆာ့ရဲ့မျက်နှာအရိပ်အကဲကြောင့်ဖြစ်ဟန်တူသည်။

" အင်း မောနင်း "

ကောင်တာမှာဝင်ထိုင်ပြီး မျက်နှာသေနဲ့ အသက်ရှုရုံမျှသာ ရှုနေတဲ့ လီဆာ့ကို ဝန်ထမ်းတွေက စိတ်မကောင်းသဖွယ် ကြည့်နေကြသည်။

" အစ်မ ဘာဖြစ်နေတာလဲသိလား ဆိုမင် "

မင်ယောင်းဆိုတဲ့ ကောင်မလေးရဲ့ အမေးစကားကို ဆိုမင်ဟာ လီဆာ့ကို လှမ်းကြည့်ပြီးသက်ပြင်းချတယ်။

"အစ်မ အရမ်းကြိုက်တဲ့ စာရေးဆရာမက မနေ့က သူ့ကိုယ်သူ သတ်သေသွားတယ်လေ"

"အာ သိပြီ ညကသတင်းထဲ တွေ့လိုက်မိတယ်။ The Women ရေးတဲ့ ဆရာမ"

"အစ်မအရှေ့မှာ အဲ့ဒီဝတ္တုအကြောင်း ယောင်လို့တောင် မဟမိစေနဲ့နော်။ ကဲ လုပ်စရာရှိတာ သွားလုပ်ကြတော့။ ငါ အစ်မအတွက် ကော်ဖီဖျော်ပေးလိုက်ဦးမယ်"

ဆိုမင်ဟာ လီဆာ့ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တက်သူဖြစ်သည်။ အပြုံးအရယ်သိပ်နည်းတဲ့ လီဆာဟာ တခါတလေ ဆိုမင်ရဲ့ဟာသတွေကြောင့် စိတ်လိုလက်ရ ရယ်မိတဲ့အခါမျိုးဆို ဆိုမင်အရမ်းကို ပျော်ရွင်ရတယ်။

"ကော်ဖီလေးသောက်လိုက်ပါဦး အစ်မ။ မနက်စာကို ဘာမှစားမလာဘူးမလား"

If you stay (The women)Where stories live. Discover now