Chapter - 36

2.6K 350 32
                                    

"လက်က သက်သာလို့လား လီဆာ"

"သက်သာနေပါပြီ။ ဒီမှာလေ ကင်မရာတောင် ကိုင်နိုင်နေပြီ"

"ပြပါဦး ..."

လီဆာ့လက်ကိုဆွဲယူပြီး လက်ခေါက်က အမာရွတ်ကို ကိုင်ကြည့်နေတဲ့ ချယ်ယောင်းကြောင့် ထိုလက်ကို အလျှင်အမြန် ပြန်သိမ်းလိုက်ရသည်။ ချယ်ယောင်းရဲ့ ရှူတင်မှာဆိုတော့ ကြည့်နေတဲ့မျက်စိတွေက အများသားမဟုတ်လား။ တခုခုဆို သူအရင်ဆုံး အပြောခံရမယ့် အနေအထားမျိုးပေဆိုတော့ လီဆာ တက်နိုင်သမျှရှောင်ရှားမိသည်။

"ကိုယ် ကလေးမဟုတ်ပါဘူး ချယ်ယောင်းရဲ့"

"သိတယ်လေ ကလေးမဟုတ်လို့လဲ အဲ့လိုရူးမိုက်တဲ့လုပ်ရပ်မျိုးကို လုပ်တာပေါ့"

"ဟိုနေ့က ကိုယ်တင်လိုက်တဲ့ပုံတွေလေ အခုထိ တုံ့ပြန်မှုတော့ကောင်းနေဆဲပဲ"

noti တွေ တောက်လျှောက်တက်နေတဲ့ ig acc ကြောင့် ဖုန်းကို ထောင်ပြရင်း လီဆာပြောလိုက်ခြင်းဖြစ်သည်။

"ကျွန်မအတွက်လဲ စိတ်တိုင်းကျတဲ့ photographer တစ်ယောက် ရလိုက်တာမို့ နှစ်ဦးနှစ်ဖက်အဆင်ပြေပါတယ်။ ဒါနဲ့ ရှင့် phone wallpaper က ဘာပုံလဲ"

green tea သောက်နေတဲ့ ချယ်ယောင်းရဲ့မျက်လုံးလျှင်မြန်မှုကိုတော့ လီဆာ ချီးကျူးလိုက်မိပါရဲ့။

"ဘေဘီ့ရဲ့ မျက်နှာတခြမ်းပုံလေ။ မျက်လုံးနဲ့ မျက်ခွံပေါ်က မှဲ့လေးကို အသားပေးရိုက်ထားတာ"

"ဒါဆို ကျွန်မတို့ စလိုက်ကြတာပေါ့"

ဒီနေ့ရှူတင်ကတော့ လီဆာကိုယ်တိုင် ဦးစီးပြီး ရိုက်ပေးရခြင်းဖြစ်သည်။ YSL ရဲ့ Global Ambassador ဖြစ်တဲ့ ချယ်ယောင်းက အခုလာမယ့် campaign အတွက် လီဆာ့ကို အခွင့်အရေးပေးဖို့ တောင်းဆိုပေးထားတာမို့ လီဆာအနေနဲ့ လမ်းသစ်တခုဖောက်ဖို့ဖြစ်လာခဲ့ရသည်။ ဒါအဆင်ပြေရင် အဖွင့်လှပြီလို့ ချယ်ယောင်းက ပြောထားတာမို့ လီဆာ ပို၍ အာရုံစိုက်နေမိ၏။

"ချယ်ယောင်းက တော်တော်လှတယ်နော်"

"ငမ်းမနေနဲ့ သူက ယောကျ်ားတွေဆို စိတ်မဝင်စားဘူး"

"မဖြစ်နိုင်တာ"

"တကယ်ပါဆို သူ့အနားကို ဘယ်ယောကျ်ားမှ အကပ်မခံဘူး။ CF တွေရိုက်ရင်လဲ ယောကျ်ားလေးနဲ့ဆို cancel ပစ်တာ"

If you stay (The women)Where stories live. Discover now