Chapter - 33

4.5K 377 29
                                    

မနက်ခင်းတွေတိုင်း လီလီ့ရဲ့အပြုစု အယုအယတွေကိုခံယူရင်း သူ့ကျောပြင်ပေါ် ကုတ်တွယ်ထားတက်တဲ့ ထိုလက်တွေဟာ အခုများတော့ ပြတင်းတံခါးနားက စာရေးစားပွဲ၌သာ လက်တော့ပ်တစ်လုံးနဲ့ အလုပ်များနေရတော့သည်။

စာရေးဖို့အတွက်ရည်ရွယ်ပြီး ခရီးထွက်လာတာဖြစ်သောကြောင့် ၃ ရက်တိတိ လီလီ့ကိုသာ အချိန်အပြည့်အဝပေးထားပြီး ၄ ရက်မြောက်သည့် ထိုနေ့မှာတော့ ရေးလက်စ ဝတ္တုကိုသာ အာရုံတစိုက်နဲ့ ရေးနေမိတော့၏။

မိုးလင်းခါနီးလောက်မှ အိပ်ပျော်သွားရှာတဲ့ လီလီကတော့ အခုလဲ ၁၁နာရီလောက်မှနိုးလာပြီး လူကိုအနောက်ကနေ ထွေးပွေ့လာလေရဲ့။

"မောနီး ဘေဘီ"

ထိုစကားသံနဲ့အတူ အနောက်ကနေ သိုင်းဖက်ထားရင်းနဲ့ ပါးပြင်ပေါ်​ရောက်လာတဲ့ လီလီ့ရဲ့အနမ်းနွေးနွေး။

"မောနီး လီလီ။ မနက်စာ မှာထားပေးတယ်။ စားလိုက်ဦး"

လက်တော့ပ်ဆီကနေ အကြည့်မလွှဲစေဘဲ စာကြည့်မျက်မှန်ကိုင်းကို ပင့်တင်ရင်း ဂျဲန်းနီပြောလိုက်မိသည်။ ထိုအခါ ပုခုံးပေါ် မေးဖျားတင်၍ လည်တိုင်ပေါ် နမ်းရှိုက်ရင်းနဲ့ ချွဲနွဲ့လာသည့်တိုင်အောင် ရှိရှိသမျှအာရုံတွေက ဝတ္တုအတွင်း၌သာ စုပုံနေမိတော့သည်။

"ဘေဘီ ကိုယ်တို့လမ်းလျှောက်ထွက်ရအောင်လေ။ အခန်းထဲနေရတာ မပျင်းဘူးလား"

သိုင်းဖက်ထားသည့်တိုင်အောင် ထိုကဲ့သို့ကပ်ချွဲရင်းနဲ့ ရင်သားစိုင်ဆီ ပူလောင်စွာ တိုးဝင်လာတဲ့လက်တွေ။ အတူနေပြီးနောက်ပိုင်း ဂျဲန်းနီအပေါ် ပိုမိုကာ သည်းကဲလာတဲ့ လီလီ့အပြုအမူတွေကို အတိုင်းထက်အလွန် သာယာမိတာမှန်ပေမယ့် အခုက အလုပ်လုပ်နေတဲ့အချိန်ဆိုတော့ ....

"အပြင်ဘက် ထွက်လည်ရအောင်နော် ဘေဘီ"

"တို့ စာရေးနေတယ်​လေ လီလီ။ မနှောက်ယှက်နဲ့"

အနည်းငယ် မာကျောသယောင်ရှိတဲ့ လေသံမျိုးနဲ့ ပြောလိုက်မိခြင်းဖြစ်တာမို့ ဖက်တွယ်ထားတဲ့လက်လေး ပြေလျော့သွားသည့်အခါ မျက်မှန်ကိုင်းလေးကိုပင့်တင်ပြီး အနောက်ဘက်လှည့်ကြည့်လိုက်မိသည်။ လီလီသည် ကုတင်ပေါ်သွားထိုင်နေပြီဖြစ်တာကြောင့် လက်တော့ပ်ဆီကိုသာ အာရုံတွေပြန်ပို့လိုက်မိတော့၏။

If you stay (The women)Where stories live. Discover now