Chapter - 25 // 90's 🌻

2.8K 372 25
                                    


၁၉၉၀ ခုနှစ်။ဇန်နဝါရီလ။

🌻

ခုနှစ်သက္ကရာဇ်အသစ်ဆီသို့ ကူးပြောင်းလာပြီမို့ အရာရာဟာ ခေတ်မှီဆန်းသစ်လာတာတော့ အမှန်ပင်။ ကာလာတွေ ပါဝင်လာတဲ့ ဓာတ်ပုံတွေ။ ဆန်းသစ်လာတဲ့ ဝတ်စားဆင်ယဉ်ပုံတွေ။ အရွန်လေး နှစ်ခြိုက်သဘောကျရတဲ့ Kodak Brownie ကင်မရာဟာဆိုရင် ၁၈၈၈ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီး ၁၉၀၀ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ စတင်ထွက်ရှိလာခဲ့သည်။ ၁၉၉၀ မှာတော့ ပိုမိုအရည်အသွေးမြင့်မားလာတဲ့ ကင်မရာတွေကိုပါ မြင်တွေ့လာရပြီဖြစ်၏။

ကင်မရာအကြောင်းတွေကို စိတ်မဝင်စားပေမယ့် အရွန်လေးရဲ့မွေးလဖြစ်တဲ့ နွေဦးရာသီကျရင် သူကြိုက်တဲ့ Kodak Brownie ကင်မရာလေးကို လက်ဆောင်ပေးရန် ရည်ရွယ်ထားသည်မို့ လေ့လာခဲ့ခြင်းဖြစ်သည်။

နေကြာ​တွေဆို သိပ်ချစ်တက်တဲ့ ကောင်မလေးက နေကြာတွေ လှိုင်လှိုင်ပွင့်ဝေတဲ့ နွေရာသီမှာပဲ မွေးဖွားလာခဲ့တာဟာ ဘယ်လိုတောင် တိုက်ဆိုင်လိုက်ပုံများလဲနော်။ နွေးထွေးလွန်းတဲ့ ထိုမိန်းကလေးက သူကိုယ်တိုင် နေကြာပန်းလေးနဲ့တူတာကိုရော သိပါ့မလား။

နေကြာပန်းတွေဟာ လွန်ကဲတဲ့အပူချိန်မှာရော မိုးခေါင်ရေရှားမှုဒဏ်ကိုပါ အခံနိုင်ဆုံးဖြစ်ပြီး အလှပဆုံးပွင့်လန်းတက်သည်တဲ့လေ။ အရွန်လေးလိုပေါ့။ ငယ်ဘဝရဲ့ခက်ခဲပင်ပန်းမှုတွေကြားထဲမှာတောင် အတောက်ပဆုံး ရှင်သန်နေနိုင်ခဲ့တာ။ 

အေးလွန်းလှသည့် ဆောင်းရာသီရဲ့ ညနေခင်းလေပြေဟာ အနွေးထည် အထူကိုတောင် ဖြတ်ဖောက်ဝင်နိုင်သည်အထိ စိမ့်ဝင်နေတော့သည်။ အရွန်စိုက်ပေးထားတဲ့ အိမ်ရှေ့က ပန်းပျိုးပင်တွေအနားမှာ အယ်လီဇယ် ငုတ်တုတ်လေး ထိုင်နေမိသည့်အလျောက် ပုခုံးတွေ ကျူံ့လိုက်မိ၏။ သူလေးနဲ့စတင်တွေ့ဆုံခဲ့တဲ့ အတိတ်တွေကို အပြုံးတွေနဲ့ တွေးတောရင်း ရင်ထဲတော့ နွေးနေကောင်းပါရဲ့။

ရွေအိုရောင်ဆံပင်လေးနဲ့ မျက်ဆံပြာလဲ့လဲ့တွေ။ ဖြူနုနေတဲ့အသားရည်ပေါ်က အညိုရောင် အစက်အပြောက်လေးတွေ။ သိပ်လှတဲ့ ကလေးလေးရယ်ဆိုပြီး အဖြူထည်စိတ်အရင်းခံနဲ့ ချစ်ခင်မိခဲ့တဲ့ ထိုကလေးမလေးက အခုများတော့ အယ်လီဇယ့်ရဲ့ ဘဝလက်တွဲဖော်ဖြစ်နေခဲ့ပြီ။

If you stay (The women)Where stories live. Discover now